🦇အိမ်မှာ မရှိသင့်တာ နဲ့ မထားသင့် သော အရာများ🦇

၁. ငှက် တွေ အိမ်လာဆောက်ရင် ကံကောင်း တယ် ဆိုတာ အမှန်ပါ။
သို့သော် ခို တွေ အိမ်လာ ဆောက်ရင် လက်မခံပါနဲ့။ အဲဒီ အိမ်မှာ ကျန်းမာရေး နဲ့ စီးပွား ရေး နှစ်မျိုးလုံး ထိခိုက်ပါတယ်။
သူတို့ကို သတ်ဖို့ မဟုတ်ပါ။ သူတို့ကို မနေစေချင်ရင် လုပ်လို့ရတဲ့နည်း အိမ်သုံးနည်း တွေ ကတော့။
သူတို့က wind-chimes လို့ ခေါ်တဲ့ အသံမြည် တဲ့ ဆွဲလွဲ တမျိုးကို မကြိုက်ပါ.။ ဘောလုံး များ နဲ့ အရောင်တောက်တာ တွေလည်း မနှစ်သက်ပါ။ အစားအသောက် ထုတ်တဲ့ Aluminiun foil တွေ လည်း ကြောက်ပါတယ်။ အဆင်ပြေသလို သုံးကြည်ပါ သူတို့ ဟာ သူတို့ ထွက်သွားပါတယ်။

၂. ပျားတွေ အိမ်လာဆောက်တာလည်း မကောင်းပါ။ မြန်မာ အယူ အိမ်အောက်ပိုင်း ပျားစွဲ​ရင် ကောင်းတယ် ဆိုတဲ့ နေရာတချို့ ရှိပေမဲ့ မကောင်းတာ များပါတယ်။ ပြင်းထန်တဲ့ အနံ့ ပေးလိုက်ရင် ပြောင်းပြေးကြပါတယ်။ ကြက်သွန်ဖြူကို ထုထောင်းတာ သို့မဟုတ် ကြက်သွန်ဖြူအမှုန့် သို့မဟုတ် Pepermit လို့ ခေါ်တဲ့ ပူဒီနံ ကို ကြိတ်ထားတဲ့ အရည် လဲ သူတို့မုန်းတာကြောင့် အဲဒီ လို ပြင်းထန်တဲ့ အနံ့ပေးယုံ နဲ့ ချက်ချင်းပြောင်း ပြေးမှာပါ။

၃. ပင့်ကူ တွေ အိမ်ဆောက်ရင် လဘ်တိတ် တယ်လို့ ဆိုကြပါတယ်။ ပင့်ကူကို စုန်းကဝေအတတ်ပညာ များနဲ့လည်း ဆက်စပ်တာမို့ လူအများစု မကြိုက်ကြပါ။
ပင့်ကူအိမ်အဟောင်းများ က တော့ တခုခု နဲ့ လှဲ ထုတ် ရှင်းထုတ် လို့ ရပါတယ်။ ပင့်ကူ ရှိနေဆဲ ပင့်ကူအိမ်ဆိုရင်တော့ ပင့်ကူကို မသတ်ချင်ကြပါဘူး အဲဒါ ဆိုရင်တော့ သင်နှစ်သက်တဲ့ အနံ့ essential oil တခုခု ၀ယ်ပါ နှစ်စက်လောက်ကို ရေနဲ့ရောပါ ပင့်ကူအိမ် အနီးတဝိုက် နဲ့ တအိမ်လုံးသာ ဖျန်းထားပါ သူတို့ ဟာ သူတို့ ဝေး ရာ ကို ပြောင်းသွားကြပါလိမ့်မယ်။

၄. နာရီဟောင်းများကိုလည်း သတိထားပါ။ အထူးသဖြင့် ရပ်နေတဲ့ နာရီ များက စီးပွား ရေး တိုးတက်မှုကို ရပ်စေပါတယ်။ လူအများစု သတိမထားမိတာက လက်ပတ်နာရီ များပါ။ လွင့်ပစ် ပေးပစ် ဖို့လည်း နှမျောပြီး သိမ်းထားကြပါတယ်။ အဲဒါ တွေက သင်တို့ ဘ၀ တက်လမ်းကို ပိတ်စေတာပါ။

၅. ဓါတ်ခဲ အဟောင်းများကိုလည်း လွင့်ပစ်ပါ။ အလုပ်ကို ထိခိုက်စေပါတယ်။

၆. ထီး ၊ ဉီးထုတ် နဲ့ ဖိနပ် အဟောင်းများ လည်း မသုံးရင် ပစ်လိုက်ပါ။ ဆက်သုံးနေရင်လည်း စနစ်တကျ သန့်ရှင်းအောင် ထားပါ။

၇. သေနေတဲ့ သစ်ပင်များကိုပြန် ရှင်အောင် မပြုစုနိုင်တော့ရင် လွင့်ပစ်ပါ။

၈. နောက်တချက် လူတိုင်း သတိမထား မိတာက သေပြီးသား လူများ ရဲ့ ဓါတ်ပုံများ ကို အိမ်မှာ ချိတ်ဆွဲ ထားတာပါ။
တရုတ် အယူက သူတို့ အတွက် သီးသန်ထားတဲ့ နေရာ မှာ သာ ဓါတ်ပုံကို ထားတာပါ။အလားတူ မြန်မာများက ဘုရားခန်းမှာ ထားရင်ရပါတယ်။ မြန်မာအယူက မိဘ နဲ့ ဆရာ ကို ဘုရား နဲ့ တဂိုဏ်းထဲ ထားကြတာမို့ပါ။ ဧည့်ခန်း မှာ တော့မထားသင့်ပါ။ ပိုက်ဆံအိပ်တွေ ထဲထားတာ မျိုးလည်း သိပ်ဆိုးပါတယ်။ တပါတ်လောက် ဖြစ်စေ ဖယ် ကြည့်ပါ။ တိုးတက်မှုကို ထင်ရှားစွာ တွေ့လာမှာပါ။
မိတ်ဆွေအားလုံး ကံကောင်း ပျော်ရွင် အောင်မြင် ကြပါစေ။
မူရင်းပိုစ့်ကိုcrdပေးပါသည်🙏