၂၀၂၃ ခုနှစ် စီးရီးအေပြိုင်ပွဲမှာ အမှတ်အများဆုံးရရှိခဲ့တဲ့ အေစီမီလန်

အင်တာမီလန်အသင်းသည် ၂၀၂၃ ခုနှစ်အတွင်းတွင် စီးရီးအေပြိုင်ပွဲ၌ အမှတ်အများဆုံးရယူနိုင်သည့်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အင်တာမီလန်အသင်းသည် ၂၀၂၃ ခုနှစ်အတွင်းတွင် စီးရီးအေပွဲ စဉ်(၄၁)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ၌ (၂၇)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၈)ပွဲရှုံးရလဒ်ဖြင့် ရမှတ်(၈၇)မှတ် ရရှိပြီး စီးရီးအေပြိုင်ပွဲ၏ လက်ရှိချန်ပီယံ နာပိုလီအသင်းကို ကျော်ဖြတ်ကာ အမှတ်အများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

စီးရီးအေပြိုင်ပွဲတွင် ပြီးခဲ့သည့် ရာသီ၌် တန်းဆင်းခဲ့ရသော (၃)သင်းနှင့် ယခုရာသီတွင် တန်းတက်လာခဲ့သော (၃)သင်းမှလွဲ၍ ကျန်(၁၇)သင်း မှာ ၂၀၂၃ ခုနှစ်အတွင်း (၄၁)ပွဲစီ ယှဉ်ပြိုင်ကစားခဲ့ရသည်။

အဆိုပါ(၁၇)သင်းထဲတွင် အင်တာမီလန်အသင်းက အမှတ်အများဆုံးရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီ၌ စီးရီးအေတွင် တတိယနေရာသာ ရရှိခဲ့သော်လည်း ယခုရာသီတွင် လက်ရှိအချိန်၌ အမှတ်ပေးဇယားကို ဦးဆောင်နေသည့်အတွက် ၂၀၂၃ ခုနှစ်အတွင်း နိုင်ပွဲအများဆုံးနှင့် အမှတ်အများဆုံး ရယူနိုင်သည့်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိချန်ပီယံ နာပိုလီအသင်းမှာ ယခုရာသီတွင် စွမ်းဆောင်ရည်ကျဆင်းနေသည့်အတွက် ၂၀၂၃ ခုနှစ်အတွင်း နိုင်ပွဲ(၂၃)ပွဲ၊ သရေပွဲ(၈)ပွဲ၊ ရှုံးပွဲ (၁၀)ပွဲဖြင့် (၇၇)မှတ်သာရယူနိုင်ပြီး အင်တာမီလန်၏အောက် ဒုတိယနေရာသို့ ရောက်ရှိနေခြင်းဖြစ်သည်။

၎င်းတို့၏နောက်တွင် ဂျူဗင်တပ်စ်အသင်းက ရမှတ်(၇၄)မှတ်ဖြင့် တတိယနေရာ၊ အေစီမီလန်အသင်းက (၇၃)မှတ်ဖြင့် စတုတ္ထနေရာ၊ လာဇီယိုအသင်းက (၇၁)မှတ်ဖြင့် ပဉ္စမနေရာရရှိခဲ့ကြောင်း သိရသည်။

crd/ eleven