အဲရစ်တန်ဟတ် ရဲ့ မက်ဂွိုင်းယားအပေါ် ရွှေ့ကွက်က လိုက်မမီဘူး

မန်ယူမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ် ကိုင်တွယ်နေတဲ့ ဝက်စ်ဟမ်းအသင်းက အဌားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် မန်ယူဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။

မန်ယူနည်းပြ အဲရစ်တန်ဟတ် ဟာ ဗဟိုနောက်ခံလူတွေအဖြစ် ဗာရန်းနဲ့ မာတီနက်ဇ် ကို ဦးစားပေးအသုံးပြုပြီး အချို့ပွဲတွေမှာဆိုရင် ဘယ်နောက်ခံလူဖြစ်တဲ့ လုခ်ရှော ကို ဗဟိုနောက်ခံလူအဖြစ် ကစားစေခဲ့တာကြောင့် မက်ဂွိုင်းယားအနေနဲ့ အသင်းပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲရစ်တန်ဟတ် ကတော့ မက်ဂွိုင်းယားက အသင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

မက်ဂွိုင်းယား ဟာ ဒီရာသီမန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၁၅ ပွဲကစားထားတယ်ဆိုပေမယ့် ပွဲထွက်ကစားခွင့်ရတဲ့ပွဲက ၇ ပွဲသာ ရှိခဲ့တာ ဖြစ်ပါတယ်။ မက်ဂွိုင်းယား အပေါ် နည်းပြ အဲရစ်တန်ဟတ်ရဲ့ လုပ်ဆောင်မှုတွေက အခြားသူတွေ စဉ်းစားလို့မရအောင် ဖြစ်ရပါတယ်။

ခြေစွမ်းကျဆင်းမှုကြောင့် ဝေဖန်ခံနေရချိန်မှာ အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ခန့်အပ်မှု ၊ အသင်းခေါင်းဆောင်တစ်ယောက်ကို အရန်ကစားသမားအဖြစ် အသုံးပြုမှု ၊ အခြားအသင်းထံကို အဌားချဖို့ ငြင်းဆန်မှုတွေက မက်ဂွိုင်းယား အပေါ် အဲရစ်တန်ဟတ် အနေနဲ့ ဘာတွေများ မျှော်လင့်ထားသလဲ ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

credit