အသုံးချခံဘဝ (PDF) များ

NUG ရဲ့ သူတို့ပြောနေတဲ့ တော်လှန်ရေးစကတည်းက ပန်ဆယ်လို၊ ဇော်ဝေစိုး၊ ရည်မွန်တို့က တတိယနိုင်ငံတွေရောက်ပြီး ကြီးပွားနေကြတာ..သူတို့တွေတင်မဟုတ် သူတို့ရဲ့ သားသမီး/မိသားစုဝင်တွေကိုပါ ပြည်ပကို ပြည်သူတွေရဲ့ အလှူငွေတွေနဲ့ အကုန်အကျခံပြီး ခေါ်နေတာပဲဖြစ်ပါတယ်။ စတေးခံ PDF တွေရဲ့ ဘဝတွေကတော့ တောထဲတောင်ထဲ လူမသိသူမသိသေနေကြတာကို သူ့တို့မိဘတွေအစား နှမြောမိတယ်။ နိုင်ငံရေးအကြောင်း ဘာမှမသိနားမလည်ဘဲ အကွေးအညွတ်လွယ်နေတဲ့ အဖြူထည်စိတ်အခံက နိုင်ငံရေးကစားသူတွေရဲ့ထိန်းချုပ်မှုအောက်မှာ သေနေကြရတာပဲဖြစ်ပါတယ်။ အလှူခံတာကတော့ Pdf တွေအတွက်ဆိုပြီး အလှူခံတယ် အလှူငွေတွေ ပြန်ခွဲဝေပေးတဲ့ အခါကျတော့ သူတောင်းစားပေးသလို ပေးတယ်။ ဒါကိုမှ PDF တွေကလည်း စိတ်မနာနိုင် ကျေးဇူးရှင်ကြီးတွေလို လုပ်နေကြရတာ။ PDF တွေသေဆုံးမှုတွေများလာတော့ အခုနောက်ပိုင်း SOCIAL MEDIA တွေပေါ်မတင်ဖို့ ညွှန်ကြားလာတယ်လို့ပါ သိရပါတယ်..အလှူခံထောက်ပို့ အနေနဲ့ကလည်း သေဆုံးသွားတဲ့ PDF တွေရဲ့ပုံတွေကို လိုင်းပေါ်တင်ပြီး မျက်ရည်ချူမှ အလှူငွေတွေကလည်း ရကြတာ…ဒီလို လုပ်လိုက်တော့ သူတို့တွေအနေနဲ့ အလှူငွေတွေလည်း မရတော့သလို သေသွားတဲ့ PDF တွေအနေနဲ့လည်း လူမသိသူမသိပဲ သေပါစေဆိုတဲ့ ခေါင်းစဉ်အောက်ရောက်သွားပြီး လေလိုင်းပေါ်မှာတော့ ငါတို့နိုင်နေပြီ ဆိုပြီး ဆက်အော်နေကြပေါ့..ကောင်းပါတယ်..