အန္တရာယ်ရှိတဲ့ အိမ်မြှောင်ချေး…….

အိမ်မြှောင် ချေးတစ်ခုမှာဆိုရင်ထိပ်မှာကပ်လျက်ရှိနေတဲ့အဖြူရောင်အစေ့လေးကိုသိသိသာသာမြင်ကြရမှာပါ။

  • အိမ်မြှောင်ချေးတုံးလေးကို နှစ်ပိုင်းခွဲရင်အောက်ဘက်မည်းနေတဲ့အပိုင်းကမစင်ဖြစ်ပြီးတော့ အပေါ်ကအဖြူရောင်အစေ့လေးကဆီးဖြစ်ပါတယ်။
  • လူအပါအဝင် တော်တော်များများသတ္တဝါတွေမှာဆီးကိုအရည်အဖြစ်နဲ့သွားပေမယ့်အိမ်မြောင်တွေကတော့အခဲပုံစံနဲ့သွားကြပါတယ်။
  • အဲ့သည်အဖြူရောင်လေးဟာသူတို့ရဲ့ဆီးကထွက်တဲ့ယူရစ်အက်ဆစ်တွေနဲ့ဖွဲ့စည်းထားတဲ့ crystalလေးတစ်ခုပဲဖြစ်ပါတယ်။
  • မြွေတွေရဲ့ချေးဖွဲ့စည်းပုံစနစ်ကလည်း အိမ်မြှောင်တွေနဲ့ဆင်တူပါတယ်။
အိမ်မြှောင်ရဲ့ချီးကအန္တရာယ်ရှိလားဆိုရင်အင်မတန်အန္တရာယ်ရှိပါတယ်။ဆဲလ်မွန်းနဲလားလို့ခေါ်တဲ့ ဘက်တီးရီးယားတွေအလွန်များပြားစွာပါဝင်နေလေ့ရှိပါတယ်။အင်းဆက်တွေမှာရှိတတ်ကြတဲ့အခြားဘက်တီးရီးယားတွေလည်းပါဝင်နေပါသေးတယ်။
ဒါကြောင့်မလို့အိမ်မြှောင်ချီးကိုင်မိပြီးသွားရင်ဆပ်ပြာနဲ့လက်ကိုသေချာစွာဆေးကြောဖို့လိုအပ်ပါတယ်။အစားစားမိရင်မပါသွားအောင်ဂရုစိုက်ဖို့အရေးကြီးပါတယ်။


ပုံ/စာcrd