အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)တွင် နေထိုင်မည့်စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် တပ်မတော်သားများ ၏ မိသားစုဝင်များအား (ပဥ္စမအကြိမ်) တိုက်ခန်းသော့၊ နေထိုင်ခွင့်ကတ်ပြားများနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်

ဩဂုတ် – ၂၄

အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)တွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် တပ်မတော် သားများ၏ မိသားစုဝင်များအား  (ပဥ္စမအကြိမ်) နေအိမ်တိုက်ခန်းသော့၊ နေထိုင်ခွင့် ကတ်ပြားပေးအပ်ခြင်းနှင့် စားသောက်ကုန်ပစ္စည်းများကို ယနေ့တွင် အဆိုပါအိမ်ရာ ရှင်းလင်းဆောင်၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)တွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် တပ်မတော် သားများ၏ မိသားစုဝင်များအား (ပဥ္စမအကြိမ်) နေအိမ်တိုက်ခန်းသော့၊ နေထိုင်ခွင့် ကတ်ပြားများနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့် မိသားစုဝင်များက လက်ခံရယူကြပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး) တိုင်းခန်းသစ်များအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အိမ်ရာတိုက်ခန်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)စီမံကိန်းကို ၂၀၁၅ ခုနှစ်၊ မတ် ၃၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ အရာရှိကြီးနေအိမ်တိုက်ခန်း ၂၈ ခန်း၊ အရာရှိငယ်နေအိမ်တိုက်ခန်း ၉၆ ခန်း၊ အခြားအဆင့်နေအိမ်တိုက်ခန်း ၄၅၉ ခန်း၊ စုစုပေါင်း ၅၇၈ ခန်းကို နေထိုင်ခွင့်ရရှိသူများအား လွှဲပြောင်းနေရာထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။