အကြမ်းဖက်တို့အတွက် နေရာမရှိတော့တဲ့ တနင်္သာရီ

ဇန်နဝါရီလ ၂၃ ရက်(ညနေ ၄ နာရီခန့်)၊ ပုလောမြို့နယ်၊ ဆယ်အိမ်စုရွာအနီးတွင် အကြမ်းဖက်အဖွဲ့များ ခိုအောင်းလှုပ်ရှားနေကြောင်း နယ်မြေခံများမှ သတင်းပေးပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းရာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး မိမိဘက်ထိခိုက်မှုမရှိ –
(၁) COLT AR-15 သေနတ် ၁ လက်၊
(၂) ဝမ်ချက်စတာ သေနတ် ၁ လက်၊
(၃) ကျည်အိမ် ၁ ခု၊
(၄) ကျည်မျိုးစုံ ၅၆ တောင့်၊ တို့အား သိမ်းဆည်းရမိခဲ့သည်။

အလားတူ ရေဖြူမြို့နယ်အတွင်းတွင် မိမိစစ်ကြောင်းများအား မိုင်းထောင်ရန် တောတိုးလာသည့် အကြမ်းဖက်သမား ၁ ဦးအား အ‌သေပစ်ခတ်ဖမ်းဆီးခဲ့ပြီး ၎င်း၏လွယ်အိတ်အတွင်းမှ –
(၁) အိုင်ကွန် ၁ လုံး
(၂) ဓာတ်ခဲ ၁၂ လုံး
(၃) ဓားမြှောင် ၁ ချောင်း
(၄) Mine Remote ၁ ခု
(၅) ဝါယာကြိုး ၁ ခွေ
တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။