ဝေဖန်ခံ​နေရပြန်တဲ့ အင်္ဂလန် လူစာရင်း

အီတလီ၊ ယူကရိန်းတို့နဲ့ ကစားရမယ့် ယူရို-၂၀၂၄ ​ခြေစစ်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းကို နည်းပြဂါရတ်​ဆောက်ဂိတ်က ထုတ်ပြန်​ကြေညာလိုက်ရာ ထုံးစီအတိုင်း ပါသင့်သူတချို့ မပါဝင်လာဘူး၊ အရည်အချင်းမရှိသူ​တွေ ​ရွေးချယ်ခံထားရတယ်စသဖြင့် ​ဝေဖန်သံ​တွေ ဆူညံ​နေပါတယ်။

ဂိုး-​ ဂျော်ဒန်ပစ်ဖို့၊ နစ်ခ်ပုပ်၊ အာရွန်ရမ်​စ်​ဒေးလ်။
​နောက်တန်း- ဘန်ချီဝဲလ်၊ အဲရစ်ဒိုင်ယာ၊ မာ့ခ်ဂွီဟီ၊ ရိစ်ဂျိမ်းစ်၊ ဟာရီမက်ဂွိုင်းယား၊ လုခ်​ရှော၊ ဂျွန်စတုန်းစ်၊ ကီရန်ထရစ်ပီယာ၊ ကိုင်လီ​ဝေါ်လ်ကာ။
ကွင်းလယ်- ဂျုဒ်ဘယ်လင်ဂမ်၊ ​ကော်နာဂါလာဂါ၊ ​ဂျော်ဒန်ဟန်ဒါဆန်၊ ဂျိမ်းစ်မက်ဒီဆွန်၊ ​မေဆန်​မောင့်၊ ကယ်ဗင်ဖီးလစ်၊ ဒီကလန်ရိုက်စ်။

ရှေ့တန်း- ဖီးလ်ဖိုဒန်၊ ဂျက်ဂရီးလစ်ရှ်၊ ဟာရီကိန်း၊ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ဘူကာယိုဆာကာ၊ အိုင်ဗန်တို​နေး။ ဒီလူစာရင်းဟာ ခါတိုင်းထက်စာရင် မျှတတဲ့​ရွေးချယ်မှုများ ​တွေ့ရှိရ​ပေမယ့် ​ဆောက်ဂိတ်ရဲ့ နားမလည်နိုင်စရာ ဆုံးဖြတ်ချက်တချို့ကိုလည်း သတိပြုမိပါတယ်။

အင်္ဂလန်ပရိသတ်​တွေဟာ ​ယူနိုက်တက်မှာ ​နေရာ​​ပျောက်​​နေတဲ့ မက်ဂွိုင်းယားကျ​တော့ပါဝင်လာပြီး ​အေစီမီလန်နဲ့အတူ ကွာတားဖိုင်နယ်ပူပူ​နွေး​နွေးတက်ထားတဲ့ ဖီကာယိုတိုမိုရီအ​ပေါ် အရင်တုန်းကလိုပဲ ချန်လှပ်ထားတဲ့​​ဆောက်ဂိတ်အ​ပေါ် ဝိုင်းဝန်း​မေးခွန်းထုတ်​နေကြပါတယ်။

တစ်ဖန် မက်ဂွိုင်းယားနည်းတူ ​ခြေစွမ်း​ပျောက်ဆုံးပြီး ချဲလ်ဆီးရဲ့အရံလူစာရင်းမှာ​တောင် မပါဝင်နိုင်ခဲ့တဲ့ ​မေဆန်​မောင့်ကိုမျက်နှာသာ​ပေးခဲ့​ပေမယ့် ဘရိုက်တန်နဲ့အတူ ​ခြေစွမ်း​ကောင်း​တွေပြသ​နေတဲ့ ဆိုလီမာ့ရှ်ကို အခွင့်အ​ရေးမ​ပေးမှုအ​​ပေါ် ဝိုင်းတုပ်​နေကြပြန်တယ်။

ထိုနည်းတူ ​ခံစစ်မှာ ​​နောက်ထပ်ဘရိုက်တန်ကစားသမားတစ်ဦးဖြစ်သူ လူးဝစ်ဒန့်ကို ထည့်သွင်းသင့်​ကြောင်း ​ထောက်ပြ​နေကြတယ်။ ​ဆောက်ဂိတ်ရဲ့လူ​ရွေးချယ်မှုဟာ International break တစ်ခု​ရောက်တိုင်း လူ​ပြောများစရာပါပဲ။

တစ်ဖက်မှာ ဘယ်လိုပဲ​ပြော​ပြော၊ ဘယ်သူပဲ​ရွေး​ရွေး၊ ဘယ်နည်းပြပဲကိုင်ကိုင် အင်္ဂလန်ဆိုတာ သမိုင်းအစဉ်အဆက် ​ခြေရူးအသင်းပါ။ ​မြန်မာ​ဘောလုံးပရိသတ်နဲ့ နိုင်ငံတကာ​ဘောလုံးပရိသတ် ကိုယ့်နိုင်ငံပြီးရင် အား​ပေးမှုအများဆုံးအသင်းဖြစ်​တာနဲ့အညီ အင်္ဂလန်​ကြောင့်နာကျင်ရလွန်းလို့ fan ​တွေဟာ ရိုး​အီ​နေကြပါပြီ။

Credit