လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း

အိုလံပစ်ခြေစစ်ပွဲနဲ့ဆီးဂိမ်းစ်ပြိုင်ပွဲတို့အတွက် စုဖွဲ့ပြင်ဆင်မှုများပြုလုပ်နေခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ ပဏာမလူစာရင်းကို အပြောင်းအလဲတစ်ချို့ပြုလုပ်ခဲ့ပြီး ကစားသမားအချို့လျှော့ချခြင်းများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ လာမယ့်ဧပြီလအတွင်းမှာ ပဲရစ်အိုလံပစ်ပြိုင်ပွဲအတွက် အီရန်၊ မော်လ်ဒိုက်ဖ်၊ ဘင်္ဂလားဒေ့ချ်တို့နဲ့ ခြေစစ်ပွဲပထမအဆင့်ကစားရဖို့ရှိနေပြီး မေလအတွင်းမှာတော့ ၃၂ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရဖို့ ရှိနေခဲ့တာပါ။