လုံခြုံရေးတပ်ဖွဲ့ကို ဗုံးချဖို့ ပျံသန်းလာတဲ့ Drone တစ်စီးကို ပစ်ချနိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်း၌ (မေ ၃၁ ရက်) မနက်ပိုင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များထံသို့ Drop Bomb ချရန်အတွက် မအူရွာဘက်မှ ပျံသန်းလာသည့် Drone တစ်စီးကို Drone Gun ဖြင့် ပစ်ချနိုင်ခဲ့သည်ဟု သိရသည်။

လုံခြုံရေးတပ်ဖွဲ့မှ ပစ်ချနိုင်ခဲ့သော Drone အမျိုးအစားမှာ Mavic-2 အမျိုးအစားဖြစ်ကြောင်း သိရပြီး ၎င်း Drone တွင် တပ်ဆင်ထားသော Drop Bomb ၁ လုံးကိုလည်း အန္တရာယ်ကင်းစွာ ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။

crd;