လားရှိုးမြို့ ရေကန်တောင်ရှိ လျှိုစောင်းထဲ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

ယနေ့လားရှိုးမြို့၊ ရေကန်တောင်ရှိ ရေကန်အမှတ် ၇ဘေးက လျှိုစောင်းထဲမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့တယ်လို့ လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။

ယနေ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့ နံနက် ၁၁နာရီ ၁၁မိနစ်အချိန်က လားရှိုးမြို့၊ ရပ်ကွက်(၅)၊ ရေကန်တောင်ရှိ ရေကန်အမှတ် ၇ဘေးက လျှိုစောင်းထဲမှာ အမျိုးသားတစ်ဦး သေဆုံးနေတာဖြစ်ပါတယ်။

ထိုဖြစ်စဉ်နဲ့စပ်လျဉ်းပြီး တာဝန်သိပြည်သူတစ်ဦးက ကူညီပေးရန် ဆက်သွယ်အကြောင်းကြားလာတာကြောင့် ပုပ်ပွသေဆုံးသူ အမျိုးသားအလောင်းတစ်လောင်းကို လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ရေကန်ဘေးရှိ လျှိုစောင်းထဲ အမျိုးသားတစ်ဦး သေဆုံးမှုနဲ့စပ်လျဉ်းပြီး မည်သည့်အကြောင်းကြောင့် သေဆုံးသည်ဆိုတာကိုတော့ မသိရှိရသေးဘဲ သေဆုံးသူအား သိရှိပါက ဆက်သွယ်အကြောင်းကြားပေးဖို့ ကူညီရေးအဖွဲ့က မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။