ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ပဲခူးမြို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့အတွင်း၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် တင်ကျန်ခဲ့သည့် အမှိုက်သရိုက်များ၊ ရွံနွံများနှင့် မြက်ပင်များအား သြဂုတ် (၂၀) ရက် နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီအသင်းဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် ပြည်သူများက ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။