ရလာဒ်ကောင်းများဖြင့် နိုင်ငံကြီးများနှင့် ယှဉ်ပြိုင်ရသော်လည်း အသင်း(၁၆)သင်းတွင် အဆင့် (၅) ရရှိကာ အလားလာအကောင်းဆုံးနှင့် ကြိုးစားအားထုတ်မှုအရှိဆုံးအသင်းအဖြစ် မှတ်‌ချက်ကောင်းများဖြင့် မှတ်ကျောက်တင်နိုင်ခဲ့လေပြီ

၂၄-၀၈-၂၀၂၂ ရက်နေ့ စိန့်ပီတာစဘတ် မြိုရှိ Military Medical Training Compound တွင် ၁၀၀၀ မှ ၁၂၀၀ အချိန်ထိ ဆေးတပ်ဖွဲ စွမ်းရည်ပြပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပခဲ့ရာ အဆိုပါပိတ်ပွဲအခမ်းအနားသို
ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး Timur Vadimovich Ivanov ၊
စိန့်ပီတာစဘတ်မြို ဒုတိယမြိုတော်ဝန် Mr. Irgashev Oleg Nikolaevich နှင့်
ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် Trishkin Dmitriy Vyacheslavovich တိုမှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြပါသည်။

မြန်မာအသင်းခေါင်းဆောင်နှင့် ဒုအသင်းခေါင်းဆောင်တိုက ပိတ်ပွဲအခမ်းအနား တွင် ဆုရရှိသည့် ပြိုင်ပွဲဝင်များအား ဆုများချီးမြှင့်ဂုဏ်ပြုပေးခဲ့ပါသည်။

မြန်မာအသင်းမှ ဆေးမှူးအမျိုးသမီးအရာရှိတစ်ဦးအား နိုင်ငံတကာပြိုင်ပွဲ ဝင်အားလုံးထဲတွင် အကြိုးစားဆုံးပြိုင်ပွဲဝင် အဖြစ်သတ်မှတ်ကာ ဇွဲသတ္တိဆုကို ရုရှားနိုင်ငံဒိုင်ချုပ်မှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

မိမိတို ဆေးဝန်ထမ်းတပ်ဖွဲ ပြိုင်ပွဲဝင်အသင်းအနေဖြင့် ရလာဒ်ကောင်းများဖြင့် နိုင်ငံကြီးများနှင့် ယှဉ်ပြိုင်ရသော်လည်း အသင်း(၁၆)သင်းတွင် အဆင့် (၅) ရရှိကာ
အလားလာအကောင်းဆုံးနှင့် ကြိုးစားအားထုတ်မှုအရှိဆုံးအသင်းအဖြစ် မှတ်‌ချက်ကောင်းများဖြင့် မှတ်ကျောက်တင်နိုင်ခဲ့ပါပြီ။

အာဆီယံ ဒေသတွင်းတပ်မတော်များ အကြား မြင့်မားသောအရည်အသွေး ကို ပြသခြင်းမှသည်
Globalအဆင့် International Rating အဆင့်ကို တက်လှမ်းနိုင်ဖို ကြိုးစားအားထုတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြလိုပါသည်။