မုံရွာမှာ PDF အကြမ်းဖက် စခန်းတစ်ခုအား တပ်မတော်မှဝင်ရှင်း

ဇူလိုင်လ ၁၉ ရက် ယနေ့ နံနက် ၅ နာရီခန့်တွင် မုံရွာမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် ဗန်စီကျေးရွာအနီး PDF အကြမ်းဖက်သမားများ စခန်းချနေထိုင်ခဲ့သော နေရာအားတွေ့ရှိသဖြင့် ဝင်ရောက်ရှင်းလင်းခဲ့ရာ တစ်တောင့်ထိုး ၄ လက်၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂၁ လုံး၊ လက်လုပ် ၄၀ မမ ဗုံးသီး ၈ လုံး၊ လက်လုပ်မိုင်း ၇ လုံး၊ ကျောက်ဖြတ်စက် ၂ ခု၊ သံဖောက်စက် ၂ ခု၊ ဂဟေစက် ၁ ခု၊ လူနေတဲ ၂ လုံး၊ စားချက်ဆောင် ၁ ဆောင်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။