မီဇိုရမ်မှာ ချင်း CDF ၁ ဦးအား ဘိန်းဖြူခဲယမ်းများနှင့်အတူဖမ်းမိ

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင် အိန္ဒိယ-မြန်မာနယ်စပ် နားက ဇိုခွါသာရ်ကျေးရွာမှာ ချင်း PDF ထံမှ ရူပီး ၉ သန်းကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူများကို မတ်လ ၅ ရက်နေ့မှာ ဖမ်ဆီးခဲ့တဲ့အပြင် စနိုက်ပါ ကျည်ဆံ ၃၀၀၀ နဲ့ အဝေးကြည့်မှန်ပြောင်း ၁၀ ခုကိုလည်း နယ်စပ်တစ်နေရာမှာ အာသံရိုင်ဖယ်က ဖမ်းဆီးခဲ့ပါ တယ်။

မီဇိုရမ် ဇိုခွါသာရ်ကျေးရွာ ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့တို့က ကြိုတင်သတင်းရရှိချက်အတိုင်း သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဇိုခွါသာရ်နဲ့ မဲလ်ဘုတ်ကျေးရွာ ကြား Vawmkhaw ချောင်းမှာ ဆပ်ပြာ ဘူးခွံထဲထည့်ထားတဲ့ ဘိန်းဖြူ ၁ ကီလိုကျော်ကို ကလေးမြို့ တာဟန်းရပ်ကွက်နေ လာလ်ပဲခ့်ထန်းငါ အသက် ၃၅ နှစ် ဆီကနေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အလားတူ ချင်းပြည်နယ် – မီဇိုရမ်နယ်စပ်ကျေးရွာဖြစ်တဲ့ ပန်ခွါကျေးရွာနဲ့ စငါအိုကျေးရွာကြားမှာ မြန်မာဘက်ရှိ အကြမ်းဖက်များထံ ပေးပို့မည့် စနိုက်ပါ ကျည် ၃၀၀၀ နဲ့ မှန်ဘီလူး ၁၀ ခုတို့ကိုလည်း အာသံရိုင်ဖယ်တပ် ဖွဲ့က မတ်လ ၅ ရက်နေ့မှာ CDF အကြမ်းဖက်သမားထံမှ ဖမ်းဆီးရမိခဲ့ပါတယ်။