မိန်းကလေးဆိုတာ🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

မိန်းကလေး တစ်ယောက်
ယောက်ျားတိုင်းရဲ့နူတ်ဖျားမှာ
ရေပန်းစား ဖို့ထက်
ယောက်ျားတိုင်းကတန်ဖိုးထား
မြတ်နိုးခြင်းခံရတဲ့
မိန်းမမြတ်တစ်ယောက်ဖြစ်ဖို့ပဲ
အရေး ကြီးတယ်။

မိန်းကလေး တစ်ယောက်
ယောက်ျားတိုင်းကိုလှည့်စားနေတာထက်
လှည့်စားတတ်တဲ့ယောက်ျားတွေကို
ရှောင်ရှားတတ်ဖို့ပဲလိုတယ်။

မိန်းကလေး တစ်ယောက်
ယောက်ျားတွေလည်ပြန်ငေးအောင်
လှနေဖို့ထက်
ယောက်ျားတွေလေးစားလာအောင်
နေတတ် ဖို့ပဲကြိုးစားသင့်တယ်။

မိန်းကလေး တစ်ယောက်
ယောက်ျားတစ်ကာကိုကစားနေတာထက်
ယောက်ျားကောင်းတစ်ယောက်
ပိုင်ဆိုင်ခွင့်ရဖို့ပဲအဓိကကျတယ်။

မိန်းကလေးတစ်ယောက်
ချမ်းသာ တဲ့ယောက်ျားကိုရယူဖို့ထက်
ကိုယ်ကျင့်တရားရှိတဲ့ယောက်ျားကို
ပိုင်ဆိုင်ခွင့်ရဖို့ပဲလိုတယ်။

မိန်းကလေးတစ်ယောက်
ယောက်ျားတစ်ယောက်ကို
ကျွန်တစ်ယောက်လိုခိုင်းစားနေတာထက်
အဲ့ဒီ ယောက်ျားကိုမိခင်တစ်ယောက်လို
မေတ္တာ မျိုးနဲ့ချစ်တတ်ဖို့ပဲလိုအပ်တယ်။

မိန်းကလေး တစ်ယောက်
ကိုယ်ခန္ဓာ ကောက်ကြောင်း လှနေဖို့ထက်
ကိုယ်ကျင့်သိက္ခာနဲ့အရှက်တရားရှိဖို့ပဲ
လိုအပ်တယ်။

မိန်းကလေး တစ်ယောက်
ကိုယ်ကျင့်တရားကောင်းတဲ့
ယောက်ျားတစ်ယောက်ကို
ပိုင်ိဆိုင်ခွင့်ရဖို့ထက်
ပိုင်ဆိုင်ဖို့ကြိုးစားလာတဲ့
ယောက်ျားကောင်းကိုလေးစားမူနဲ့
ဆက်ဆံပေးဖို့ပဲ
.အရေး ကြီးတယ်။

မိန်းကလေးတိုင်းဟာဘဝမှာ
အကြောင်းကြောင်းတွေကြောင့်
ငွေကြေး ဆင်းရဲ နေပေမယ့်
ကိုယ်ကျင့်တရာ့းမဆင်းရဲဖို့တော့
အရေးကြီးပါတယ်။