မင်္ဂလာရှိသော မနက်ခင်းလေးပါ

စိတ်ဒုက္ခ

ဒုက္ခအားလုံးမှာ အဆိုးဆုံးက
စိတ်ဒုက္ခပဲ။

စိတ်ဒုက္ခဟာ အပူလောင်ဆုံးနဲ့
အပင်ပန်းဆုံးပဲ။

စိတ်ကိုပင်ပန်းစေတာဟာ
တခြားကြောင့်မဟုတ်ဘူး။

လောဘဒေါသမောဟ စတဲ့
ကိလေသာတွေကြောင့်ပါပဲ။

လောဘကြောင့်
စိတ်ပင်ပန်းတယ်၊

ဒေါသကြောင့်
စိတ်ပူလောင်တယ်၊

မောဟကြောင့်
စိတ်တွေဝေတယ်၊

မာနကြောင့်
စိတ်ခက်ထန်တယ် စသဖြင့်ပေါ့။

စိတ်ကို
သတိက ထိန်းနိုင်တယ်။

သတိမပါရင် အထိနာမယ်။
သတိရှိမှ အရှိသိမယ်။

မနာပ ဒါယီ ကိုရီးယာဆရာတော်
အရှင်ဝိစိတ္တ 🙏🙏

မေတ္တာဖြင့်ပြန်လည်မျှဝေဓမ္မဒါနပြုပါသည်