ဘုရားသားတော်တွေကို သတ်ဖြတ်နေတဲ့ PDF အကြမ်းဖက်သမားများ

ဒီရက်အပိုင်းအတွင်းမှာပင် ရဟန်းသံဃာတွေ အကြမ်းဖက်သမားတွေရဲ့ လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ခံနေရတဲ့ သတင်းတွေကို ကြားရတာ စိတ်မချမ်းမသာဖြစ်ရတယ်။ မနေ့က ဇူလိုင်လ ၁၁ ရက်နေ့မှာလည်းမြင်းခြံမြို့နယ် ဂွေးပင်ရိုးကျေးရွာတွင် ကျောင်းထိုင် ဆရာတော် တစ်ပါးကို PDF အကြမ်းဖက်သမားများက ဘုန်းကြီးကျောင်းဝန်းအတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ပျံလွန်တော်မူသွားခဲ့ကြောင်းသိရပါတယ်။ အဲတော့ ဘာရန်ငြိုးရန်စမှ မရှိဘဲနဲ့ ဘုရားသားတော်တွေကို သတ်ဖြတ်နေတာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေကြတာပဲလို့သုံးသပ်ပါတယ်။ ဗုဒ္ဓဘာသာကိုတစ်ဖြည်းဖြည်းနဲ့ပျောက်ကွယ်အောင်လုပ်မယ့်ရည်ရွယ်ချက်ဆိုရင်တော့ ဗုဒ္ဓဘာသာကိုကိုးကွယ်ဆည်းကပ်နေတဲ့ သူတိုင်းမှာ ကာကွယ်ရမယ့် တာဝန်ကိုယ်စီရှိသွားပြီ။