ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတဲ့ ပေါ်တူဂီကစားသမား ဂျော်အိုဖေးလစ်

အက်သလက်တီကိုအသင်းသည် ဘာစီလိုနာအသင်းထံ အငှားချထားသည့် ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်ကို လာမည့်နွေရာသီတွင် ယူရိုသန်း(၈၀)ရရှိမှသာ ရောင်းထုတ်မည်ဟု ဘာစီလိုနာအသင်းထံ အသိပေးထားကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် ခြေစွမ်းပြနေသည့် ဂျော်အိုဖေးလစ်ကို အပြီးသတ်ဝယ်ယူရန် ဆန္ဒရှိနေသည့်အတွက် အက်သလက်တီကိုအသင်းက ယခုကဲ့သို့ စျေးနှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်းက ဂျော်အိုဖေးလစ်ကို ၂၀၂၅ ခုနှစ်အထိ အငှားဖြင့် ခေါ်ယူပြီးမှ ယူရိုသန်း(၄၀)ဖြင့် အပြီးသတ်ဝယ်ယူလိုသည့် အစီအစဉ်ရှိကြောင်းလည်း သိရသည်။

ဂျော်အိုဖေးလစ်သည် ဘာစီလိုနာအသင်းအတွက် ၆ ပွဲကစားထားပြီး ၁ ဂိုးသွင်းယူပေးထားသည်။

crd; eleven