ဖေဖော်ဝါရီလ ၅ ရက်နေ့တိုက်ပွဲသတင်းပေါင်းချုပ်

ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။

ကယားပြည်နယ် လွိင်ကော်မြို့ ရသုံးမှန်းခြေရုံးသို့ KNPP နှင့် အကြမ်းဖက် ပူးပေါင်း ၁၀ ဦးခန့် မိုင်းထောင်ရန်ချဉ်းကပ်လာစဉ် ကင်းပုန်းဝပ်စောင့်ဆိုင်းနေသော လုံခြုံရေး တပ်ဖွဲ့ဝင်များက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ KNPP အကြမ်းဖက်သောင်း ကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်၌ KNPP ယူနီဖောင်းဝတ် ၁ လောင်း၊ အမ်ဂျီ(၁)လက်ပစ်ဗုံး ၂ လုံး၊ AK ကျည် ၅ တောင့် သိမ်းဆည်းရမိ။

ကယားပြည်နယ် ဖယ်ခုံမြို့အတွင်း နယ်မြေရှင်းလင်းစဉ် စကခ(၇) ၏ မြောက်ဘက်သို့အရောက် နေရာ ၂ နေရာ KNDFနှင့် PDF ပူးပေါင်းအင်အား ၆၀ ခန့်က ၃ ကြိမ်လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး စစ်သည် ၁ ဦးကျ၊ ၂ ဦး ထိခိုက်ဒဏ်ရာရ။

ကရင်ပြည်နယ် ကော့ကရိတ်မြို့ တောင်ပေါ်ကျောင်းသို့ နေရာ ၂ နေရာမှ KKO (ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့ ၂၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ မြောက်ကျောက်ရွာ၏ မြောက်ဘက် မီတာ ၂၀၀ ခန့်အကွာသို့အရောက် နေရာ ၃ နေရာမှ AA သောင်းကျန်းသူ ၄၅ ဦးခန့်က စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ခမရ(၃၇၈) ရေဒါကုန်းနှင့် ဂိတ်(၃) ကုန်းနေရာများသို့ ရေစင်ကုန်းနှင့် ဗဟိုကင်း ၂ နေရာမှ AA သောင်းကျန်းသူ အင်အား ၂၀၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကြိုခုံရွာ ၊ ဇီးခုံရွာနှင့် ညောင်ပင်သာကျေးရွာအနီးတို့တွင် PDF ၈၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့။