ဖေဖော်ဝါရီလ ၂၅ ရက် တိုက်ပွဲသတင်းများ

ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥💥💥💥

လွိုင်ကော်

ကယားပြည်နယ် လွိုင်ကော်မြို့အတွင်း နယ်မြေရှင်းလင်းစဉ် လေယာဉ်ကွင်းအနီးသို့အရောက် KNDFနှင့် PDF ၁၅ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ဖြစ်စဉ်တွင် KNDF/PDF ၂ လောင်း၊ အမ်(၂၂) ၂ လက်၊ ကျည်အိမ် ၂ ခု ကျည် ၂၂ တောင့် သိမ်းဆည်းရမိခဲ့။

မိုင်းပွန်

ရှမ်းပြည်(တောင်ပိုင်း) မိုင်းပွန်မြို့အနီး နယ်မြေရှင်းလင်းစဉ် PNO ပြည်သူ့စစ်အဖွဲ့အား KNDF/PNLA အကြမ်းဖက်ပူးပေါင်းအဖွဲ့မှ Drone ဖြင့် Drop Bomb ချခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။

KNDF/PNLA ၂ လောင်း၊ အမ်အေ(၅) ၁ လက်၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၅၅ တောင့် သိမ်းဆည်းရမိခဲ့။

မုံရွာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ဗန်စီကျေးရွာအနီး ပတ္တမြားတောင်စေတီသို့ ရောက်ရှိရှင်းလင်းရာ-
လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ၊ Icon ၂ လုံးတို့ သိမ်းဆည်းရရှိပြီး ဆက်လက်ထွက်ခွာလာရာ ကြေးမုံရွာသို့အရောက် PDF ၁၅ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။

PDF ၁ လောင်း၊ လက်လုပ်သေနတ် ၃ လက်၊ ၆၀ မမဗုံးသီး ၄ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်း ၇ စုံ၊ ကျည်ကာဦးထုပ် ၈ လုံး၊ ကျည်ကာအင်္ကျီ ၉ ထည်၊ Keypad ဖုန်း ၂ လုံး၊ ဝါယာကြိုး ၂ ခွေ၊ လက်လုပ်ကျည်အိမ် ၁ ခု၊ စူပါကာစတန်ယာဉ် ၁ စီး၊ ဆိုင်ကယ် ၄ စီး သိမ်းဆည်းရမိခဲ့။

တန့်ဆည်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အင်တောရိုးရွာနှင့် ကော်တက်ရွာအနီးတို့တွင် လုံခြုံရေးတပ်ဖွဲ့များနှင့် PDF အကြမ်းဖက် ၁၀ ဦးခန့်၊ ၂၀ ဦးခန့်တို့ ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။

PDF ၄ လောင်း၊ အမ် (၂၂) ၁ လက်၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်မိုင်း ၅ လုံး၊ ကျည်အိမ် ၁ ခု၊ လွယ်အိတ် ၁ လုံး သိမ်းဆည်းရမိခဲ့။

စောမူပလော

ကရင်ပြည်နယ် ဖာပွန်မြို့နယ် စောမူပလောဒေသတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့များနှင့် KNLA တပ်မဟာ ၅ ၊ ပြည်သူ့စစ် ရင်း(၁) မှ အင်အား ၁၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။

ဖြစ်စဉ်တွင် KNLA ၂ လောင်း၊ အမ်(၁၆) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၅ တောင့် သိမ်းဆည်းရမိခဲ့။ #Crd