ဖေဖော်ဝါရီလ ၁၁ ရက်နေ့ တိုက်ပွဲသတင်းများ

ကချင်ပြည်နယ် ဖားကန့်မြိုနယ် နန့်တိန်းစခန်းသို ပြန်လည်တိုက်ခိုက်သိမ်း ပိုက်ရန် ချီတက်လာစဉ် KIAနှင့် PDF ပူးပေါင်း ၂၀ ဦးခန့်ဖြင့် လည်းကောင်း၊ အင်အား ၄၀ ဦးခန့်ဖြင့် လည်းကောင်း၊ ၁၂၀ ဦးခန့်ဖြင့်လည်းကောင်း ၊ ၁၆၀ ဦးခန့်ဖြင့် လည်းကောင်း တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပြီး မိမိဘက်မှ လေကြောင်း ပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ကယားပြည်နယ် ဖယ်ခုံအရှေ့ခြမ်း ထီရိစခန်းသို့ KNDFနှင့် အကြမ်းဖက်ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲက Drone ၁ စီးဖြင့် Drop Bomb ၂ လုံး ဖြုတ်ချတိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

Drone ၁ စီး(မကောင်း) ၊Drop Bomb ၂ လုံး သိမ်းဆည်းရမိခဲ့။

ရခိုင်ပြည်နယ် မင်းပြားမြို့ အိမ်ရှေ့မင်းသားရွာ အနောက်တောင်ဘက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် AA သောင်းကျန်းသူ ၁၀၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို နှစ်တန်ကူးတံတားအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် PDF ၃ ဦးခန့် တံတားအနီး ချဉ်းကပ်လာသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ပြီး ရန်သူထံမှ Type(81) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၉ တောင့် သိမ်းဆည်းရမိခဲ့။ #Crd