ပြည်သူတွေဝိုင်းဖမ်းလို့ ကလေးခိုးပြန်ပေးဆွဲတဲ့အဖွဲ့ မိပြီ

PDF အလင်းဝင်လင်မယားနှင့်အဖော်မိန်းခလေး ၃ ဉီးတို့သည်..ပြည်ကြီးတံခွန်မြို့နယ်နေ..ခလေးမိဘအိမ်၌အိမ်ငှားနေရင်း..၂လပြည့်သောအခါ အိမ်ပိုင်ရှင်မှ ဆက်လက်နေထိုင်ခွင့်မပြုတော့ဘဲ..အခြားနေရာသို့ပြောင်းရွှေ့ပေးရန်သတ်မှတ်အချိန်ပေးပြီးနောက်..ဇန်နဝါရီလ ၂၂ ရက်နေ့မနက်ပိုင်းအချိန်တွင် အိမ်ပိုင်ရှင်၏ခလေးကို ခိုးယူထွက်ပြေးပြီးနောက် သိန်း၅၀၀ ဖြင့်လာရွေးရန်နှင့် မရွေးပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်စာပို့၍ အမရပူရမြို့နယ် ဆောက်လုပ်ဆဲကျောက်စိမ်းဥယျဉ်တိုက်တန်းသို့ချိန်းဆိုခဲ့ပါသည်။
ခလေးမိဘများက ချိန်းဆိုနေရာအရောက် ဆောက်လုပ်ရေးဝန်ထမ်းလုံခြုံရေးအဖွဲ့နှင့်အနီးပတ်ဝန်းကျင်ပြည်သူများမှဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြောင်းသိရပါတယ်။ မိဘများအနေနဲ့ မိမိတို့ရဲ့ရင်သွေးငယ်များကို တစ်ဦးတည်းစေလွှတ်ခြင်း ခိုင်းစေခြင်းများကို သတိထားလုပ်ဆောင်ကြပါ..။ #Crd