ပေါက်မြို့နယ်၌ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

ဒီဇင်ဘာလ ၁၃ ရက် ညနေ ၄ နာရီခန့်တွင် ပေါက်မြို့နယ် ယာကြီးပြင်ရွာအနီးတွင် လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ ဖိုးဖြူလုံးကန်ကျေးရွာဘက်မှ ယာကြီးပြင်ကျေးရွာဘက်သို မောင်းနှင်လာသော AMUBLANCE စာတမ်းပါ အဖြူရောင် ALPHARD ကား ၁ စီးနှင့် ဆိုင်ကယ် ၂ စီးအား စစ်ဆေးမှုများပြုလုပ်ရန် ရပ်တန့်ခိုင်းခဲ့ရာ ရပ်တန့်မှုမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးသောကြောင့် လုံခြုံရေးအဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာဉ်ပေါ်တွင်ပါလာသော PDF များက ပြန်လည်ပစ်ခတ်ခဲ့ပြီး ၎င်းမော်တော် ယာဉ်အားထားခဲ့ကာ ဒဏ်ရာဗလပွဖြင့် ခွေးပြေးဝက်ပြေး ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။
လုံခြုံရေးအဖွဲ့ဝင်များသည် ၎င်း PDF အကြမ်းဖက်များထားခဲ့သော မော်တော်ယာဉ်အား အသေးစိတ်ရှာဖွေရှင်းလင်းခဲ့ရာ ၎င်းကားပေါ်တွင် အကြမ်းဖက် PDF များ၏ သွေးကွက်များတွေ့ရှိရပြီး-

  • လက်လုပ်သေနတ် ၁ လက်
  • လက်လုပ်မိုင်း ၂ လုံး
  • ၇.၆၂ ကျည်ဆံ ၁၅၀ တောင့်
  • ဒီတိုနေတာ ၁၀၀ ခု
  • ယမ်းကြိုး ၅ ခွေ
  • ယမ်းပျော့ ၉၈ တောင့်
  • ဆန်အိတ် ၂ အိတ်
  • အမယ်စုံ ၁ အိတ်
  • ကား ၁ စီး
  • ဆိုင်ကယ် ၁ စီးတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။