နောက်ဆုံးရ မနက်ခင်း သတင်းတိုများ

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုကတော့ ပေါ်တူဂီနည်းပြရာထူးအတွက် ၎င်းကို ထိပ်ဆုံးမှ ကမ်းလှမ်းခဲ့ပြီး ၎င်းငြင်းပယ်ခဲ့တဲ့အတွက်ကြောင့်သာ မာတီနက်ဇ်ခန့်အပ်ခံခဲ့ရတာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ စပါးနဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲစဉ်မှာ ၎င်းတို့ရဲ့ အသင်းသားတွေအနေနဲ့ စိတ်ခံစားချက်တွေကို ထိမ်းချုပ်ပြီး ရင်ဆိုင်နိုင်ဖို့ လိုအပ်နေကြောင်း သတင်းရရှိပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲစဉ်တုန်းကလည်း ကွင်းလယ်ဒိုင်ကို ဝိုင်းဝန်း စောဒကတက်ခဲ့တာကြောင့် ပေါင် ၄၀၀၀၀ အထိ ဒဏ်ရိုက်ခံခဲ့ရပါသေးတယ်။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ မန်ယူအသင်းရဲ့ လက်ရှိရာသီ ပြန်လည်တောက်ပလာမှုတွေအပေါ် အထူးတလည် အံ့အားသင့်ခြင်း မရှိကြောင်း ပွဲမတိုင်ခင် ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

ဘရတ်ဖို့ဒ်နည်းပြ ဖရန့်ခ်ကတော့ ၎င်းတို့ရဲ့ အရံအသင်းအတွက် ခေါ်ယူလိုက်တဲ့ ရိုမီယို ဘက်ခမ်းဟာ သူ့ဖခင် ဒေးဗစ်ဘက်ခမ်းနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရနိုင်ကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်း ကွင်းလယ်ကစားသမား ကာဆာမဲရိုးကတော့ ၎င်းအထင်ကြီးရတဲ့ နည်းပြတွေထဲ တန်ဟတ်ဂ်လည်း ပါဝင်နေကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

လာမယ့် အာဆင်နယ်နဲ့ပွဲစဉ်မှာ ကူဆက်ဗ်စကီး ပါဝင်လာမှာ ဖြစ်ကြောင်း စပါးနည်းပြ ကွန်တီက အသိပေး ပြောဆိုသွားခဲ့ပါတယ်။

Credit