နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင်ရ ကုမ္ပဏီ (၁၃) ခုကို လိုင်စင်ရုပ်သိမ်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်တဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင်ရ ကုမ္ပဏီ (၁၃) ခုကို နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) ရုပ်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်က သြဂုတ် ၁၄ ရက်၊ ရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို သိရပါတယ်။

အဆိုပါ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) ရုပ်သိမ်းမှုကို အမှုဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ဆောင်ရွက်ခဲ့တာဖြစ်တယ့်လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။