နမ့်ဆန်တိုက်ပွဲမှာ စစ်သားဆန်ခွင့်တောင်းခဲ့တဲ့ ဗိုလ်ကြီး မိုး

သူနာမည်က ဗိုလ်ကြီး မိုး သူ့ရာထူးတာ၀န်က အမြောက်တပ်စုမှူး
တာ၀န်ကျတာက နမ့်ဆန်ဗျူဟာကုန်း အမြောက်အဖွဲ့နဲ့အတူ ​တပ်မတစ်ခုမှ စစ်သည်တော်များနေထိုင်ကျတဲ့ စခန်းတစ်ခုပေါ့

တိုက်ပွဲဖြစ်မယ့်ရက်မတိုင်မီ TNLA အကြမ်းဖက်အဖွဲ့က ဗိုလ်ကြီးမိုးတို့ စခန်းကို အင်းအား
အလုံးအရင်းနဲ့ တိုက်မယ်ဆိုတဲ့သတင်း ကြိုတင်ရရှိခဲ့တယ်။ ရန်သူ့အင်အားက ထောင်ဂဏန်းရှိတယ်။

ဒီလိုကြိုတင်သတင်းရထားတဲ့အတွက် တပ်မနဲ့အတူ လိုအပ်တဲ့ အမြောက်ပစ်ကူနဲ့ ခံစစ်ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။

10-12-2023 ရက်နေ့မှာတော့ အကြမ်းဖက် TNLA အဖွဲ့ဟာ အင်အားအလုံးအရင်းနဲ့ ဝင်တိုက်ပါတော့တယ်။ တိုက်ပွဲဖြစ်ပွားချိန်မှာ ရန်သူက ဒရုန်းတွေနဲ့အကဲကြည့်ပြီး Drop ဗုံးတွေချ အဆက်မပြတ်တိုက်ခိုက်ပါတယ်။

ဗိုလ်ကြီး မိုးနဲ့အတူ ​တပ်မအဖွဲ့မှ အရာရှိစစ်သည်တွေဟာ အသက်ကိုပဓာနမထားဘဲ နည်းလမ်းမျိုးစုံနဲ့တိုက်ခိုက်လာတဲ့ ရန်သူကို ပြင်းပြင်းထန်ထန်ခုခံခဲ့ပါတယ်။

ရန်သူမှ အင်အားအဆမတန်များပြားတဲ့အတွက် တိုင်းစစ်ဌာနချုပ်မှ အခွင့်သင့်ရင် စနစ်တကျခွာစစ်ဆင်ဖို့ တိုင်းမှူးက
အမိန့်ပေးခဲ့ပါတယ်။

ဒီအမိန့်ကို ဆက်သွယ်ပြောဆိုခဲ့တာက တိုင်းစစ်ဌာနချုပ် စစ်ဆင်ရေးဌာနက ဗိုလ်ကြီး မိုးနဲ့အပတ်စဥ်တူ သူ့သူငယ်ချင်း။

ဒီအချိန်မှာ အမြောက်တပ်စုမှူး ဗိုလ်ကြီး မိုးက ထပ်ဆင့်အမိန့်ပေးတဲ့ သူ့သူငယ်ချင်းကို
“သူငယ်ချင်းရေ အမိန့်မနာခံတာတော့ မဟုတ်ဘူးကွာ ငါ့ကိုစစ်သားဆန်ခွင့်ပေးပါ” ဆိုပြီး စကားပြတ်ပြတ်ပြောကာ ဖုန်းချသွားတယ်။

တိုက်ပွဲက ပိုမိုပြင်းထန်လာတဲ့အပြင် ရန်သူတိုက်ခိုက်မှုကလည်း အရှိန်ပိုမြင့်လာတယ်

ရန်သူတိုက်ခိုက်မှု အရှိနိမြင့်လာတာနဲ့အတူ ဗိုလ်ကြီး မိုးရဲ့ အမြောက်တွေ အခြားလက်နက်ကြီးတွေ ပစ်ခတ်မှုကလည်း ပိုစိပ်လာပါတယ်။

ရန်သူဟာ ဗကပ လက်ထက်ကလို လူလှိုင်းစနစ်နဲ့တိုက်လာတာဖြစ်တဲ့အတွက် စခန်းအခြေထိကို ကပ်လာခဲ့ပါတယ်။

ဒီလိုစခန်းအခြေထိကပ်လာတဲ့ရန်သူကို လက်နက်ကြီးနဲ့ပစ်ခတ်ဖို့အတွက်ဆိုရင် နည်းလမ်းတစ်ခုသာရှိပါတော့တယ်။

အဲဒါကတော့ ရှိသမျှလက်နက်ကြီးတွေကို ၈၅ဒီဂရီထောင်ပြီး ပစ်ခတ်ရတော့မှာဖြစ်ပါတယ်။ ဒါကအလွန်အန္တရာယ်များပြီး ရန်သူလည်း သေမှာ ဖြစ်သလို မိမိအဖွဲ့တွေလည်း ထိခိုက်နိုင်တဲ့ အခြေအနေပါ။

ဒီလိုကျဉ်းထဲကြပ်ထဲရောက်နေတဲ့အတွက် ဗိုလ်ကြီး မိုးက သူ့လက်အောက်အဖွဲ့တွေရဲ့ မျက်နှာကိုကြည့်လိုက်တော့ ရှိသမျှ လက်နက်ကြီးတွေကို ၈၅ ဒီဂရီထောင်ထားပြီး “ဗိုလ်ကြီး ကျွန်တော်တို့ အသင့်ပါပဲ” တဲ့ ။

ဒီအ​ပြောကြောင့် ဗိုလ်ကြီး မိုး ကျေနပ်သွားပေမယ့် မျက်နှာတော့ သိပ်မကောင်း။

ဒီအခြေအနေကို ရိပ်စားမိတဲ့ ဆရာကြီးက “ဗိုလ်ကြီးလိုပဲ ကျွန်တော်တို့ကိုလည်း စစ်သားဆန်ခွင့်ပြုပါ”ဆိုပြီး လက်နက်ကြီးတွေ စပစ်ခွင့် တောင်းပါတော့တယ်။

ဗိုလ်ကြီး မိုး ကျေနပ်သွားပြီ။ တိုက်ပွဲကြားမှာ အံကြိတ်ပြီးပြုံးထားတဲ့ အပြုံးတွေနဲ့အတူ အမိန့်စဥ်က “ဗုံးအားလုံးပစ်” တဲ့။

တိုက်ပွဲက အချိန်ကြာလာတာနဲ့အမျှ ပိုမိုပြင်းထန်လာပြီး ရန်သူကော မိမိဘက်မှာပါ ထိခိုက်မှုတွေများလာပြီ။

အသေခံတိုက်မယ်လို့ ဆုံးဖြတ်ထားတာနဲ့ပတ်သက်ပြီး တိုင်းစစ်ဆင်ရေးမှ ဗိုလ်ကြီးက တိုင်းမှူထံ တင်ပြလိုက်ချိန်မှာ

တိုင်းမှူးကလည်း ချက်ချင်းဆိုသလို ဗိုလ်ကြီး မိုးကို တိုက်ရိုက်ဖုန်းခေါ်ပြီး ခွာစစ်ဆင်ဖို့ တိုင်းမှူးက တိုက်ရိုက်အမိန့်ပေးပါတော့တယ်။

တိုင်းမှူးရဲ့ တိုက်ရိုက်အမိန့်ကြောင့် ဗိုလ်ကြီး မိုးတို့ အသေခံတိုက်မယ်ဆိုတဲ့ အစိအစဥ်ကို ဖျက်ကာ ခွာစစ်ဆင်ဖို့ ပြင်ဆင်ပါတော့တယ်။

တစ်ကိုယ်စာ လက်နက် ခဲယမ်များ ယူဆောင်ပြီး လက်နက်ကြီးများကို ရန်သူများ သုံးမရအောင် ဖျက်စီးခဲ့ပါတော့တယ်။

ဗိုလ်ကြီး မိုးမှ အမြောက်တပ်စုနဲ့ တပ်မအဖွဲ့မှ စစ်သည် ၆၀ ခန့်ကို ဦးဆောင်ပြီး နမ့်ဆန်စခန်မှ စနစ်တကျ ခွာစစ်ဆင်ခဲ့ပါတယ်။

ဒီလို ခွာစစ်ဆင်နေချိန် လမ်းတစ်လျောက်မှာလည်း ရန်သူများမှ ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်သည့်အတွက်အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်သည် ၃ ဦးလည်း မြင့်မြတ်စွာ ကျဆုံးခဲ့ပါတယ်။

ယခုဆိုရင် ဗိုလ်ကြီး မိုးတို့အဖွဲ့ဟာ လုံခြုံတဲ့နေရာ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒီဖြစ်စဥ်မှာ ဗိုလ်ကြီး မိုးရဲ့ သတ္တိ၊ လက်အောက်အဖွဲ့တွေရဲ့ စိတ်ဓာတ်တွေက တကယ်ကို လေးစားဖို့ကောင်းပါတယ်။

(​စာနဲ့ရေးဖြစ်တဲ့အတွက် ပေါ့ကောင်း ပေါ့နေပါလိမ့်မယ်။ ပကတိမြေပြင်က ဖြစ်စဉ်နဲ့ပတ်သက်ပြီး တန်ဖိုးကျသွားပါ ကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ။)

တစ်ခုပြောဖို့ကျန်ပါသေးတယ် ဗိုလ်ကြီး မိုးက ဒေါက်တာဘွဲ့ရထားသူ တစ်ယောက်ဖြစ်ပါတယ်။

crd;