ဒီဇင်ဘာ ၁၈ ရက်နေ့တိုက်ပွဲသတင်းများ

-ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့ ဒိန်ဂါယန်ကျေးရွာအနီး ရိက္ခာပို့လာသော တပ်မတော်ယာဉ်တန်းအား KIA+PDF အကြမ်းဖက်ပူးပေါင်းအင်အား ၄၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် ၁ လောင်း၊ လက်လုပ်မိုင်း ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။

-ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ တောင်ဘက်၌ လုံခြုံရေးတပ်ဖွဲ့များနှင့် AA သောင်းကျန်းသူ ၅၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

-မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြစ်သာရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံအနီး လုံခြုံရေးဆောင်ရွက်နေသော နေရာသို့ KIA+PDF ၁၇၀ ဦးခန့် လာရောက်ပစ်ခတ်သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။