တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအား ကြည့်ရှုအားပေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ခ)အဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု ဘောလုံး အသင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချူပ်ကိုယ်စားပြု ဘောလုံးအသင်းတို့သည် နိုဝင်ဘာလ ၂၂ ရက် ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။

ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် အပြန်အလှန်ဖိအားပေး ယှဉ်ပြိုင်ကစားကြပြီး ပွဲကစားချိန် ၈၇ မိနစ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ဂိုးရရှိခဲ့ကာ အရှေ့တောင်တိုင်း စစ်ဌာချုပ်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။

တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲများ၊ တိုက်ကွမ်ဒိုပြိုင်ပွဲများ၊ ဗန်တိုအတိုက်ပြိုင်ပွဲများ၊ ပန်ကြပ်ဆီလပ်အတိုက်ပြိုင်ပွဲ၊ ဓားတစ်လက် အတိုက်ပြိုင်ပွဲ၊ ဓားနှစ်လက်အတိုက်ပြိုင်ပွဲ၊ တပ်မတော်လက်ရေးပညာ စဉ်စွမ်းရည်ပြ ပြိုင်ပွဲများကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး တစ်ဦးချင်းဆုရရှိကြသည့် အားကစားသမားများကို တပ်မတော် အရာရှိကြီးများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့တယ်လို့ သိရှိရပါတယ်။