တန့်ဆည်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေတယ်လို့ DVB TV News Page မှ သတင်းအမှားရေး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲမှာ ဇူလိုင်လ ၁၅ ရက်နေ့က စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်ကအနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့တယ်လို့ DVB TV News Page မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပဲခင်းကြီးရွာအနီး တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုမရှိဘဲ PDF ၁ လောင်း၊ M 79 ဗုံးပစ်လောင် ချာ ၁ လက်၊ ၄၀ မမ ဗုံးသီး ၇ လုံး၊ အမ် ၂၂ ကျည်အိမ် ၂ ခု၊ အမ် ၂၂ ကျည် ၁၅ တောင့်၊ ၉၁ မမ လက်ပစ်ဗုံး ၁ လုံး၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၃ လုံးတို့သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ DVB TV News Page မှ ဖြစ်စဉ်အမှန်မရေးဘဲ တစ်ဖက်စောင်းနင်းကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေတယ်လို့ အောက်တန်းကျစွာရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FACT-CHECK