စိတ်ဓာတ်ကျဆင်းလာတဲ့ PDF များ

NUG ရဲ့ လုပ်ရပ်တွေကို အောက်က PDF တွေမကျေနပ်တော့ပါဘူး။ ဒါက ဘာကြောင့်လဲ?

အကြောင်းအရင်းက…

NUGအဖွဲ့နဲ့ သူတို့လက်အောက်ခံ ထောက်ပို့အဖွဲ့များဟာ နိုင်ငံခြားရောက်မြန်မာများ/ ပြည်တွင်းရှိ NUG ထောက်ခံသူများထံမှ အလှူငွေများကောက်ခံပြီး PDF များထံပြန်လည်ထောက်ပံ့ပေးခြင်းမရှိဘဲ ကိုယ်ကျိုးအတွက်ဆောင်ရွက်နေခြင်း၊ ထောက်ပံတဲ့အခါမှာလည်း ပုဂ္ဂိုလ်စွဲဖြင့်သာ ထောက်ပံ့ပေးပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်အလယ်ပိုင်းထဲက PDF များဟာ ထောက်ပံ့ပေးမှုမရတာကြောင့် ၎င်းတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းများ၊ လယ်ယာမြေများကို ရောင်းချပြီး တပ်မတော်ကို တော်လှန်ဖို့ လုပ်နေကြရတာပါ။ ရှိတဲ့ ပိုက်ဆံငွေကြေးလေးနဲ့ ဆောင်ရွက်နေရတာကြောင့် လက်လုပ်သေနတ်များ/လက်လုပ်မိုင်းများ စမ်းသပ်ပြုလုပ်ရသလို စမ်းသပ်တဲ့အခါမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပြီး သေဆုံးတဲ့လူဦးရေတွေများပြားလာတာကြောင့် PDF တွေအနေနဲ့ တော်လှန်ရေးကို စိတ်ကုန်လာကြပြီလည်း ဖြစ်ပါတယ်။ PDF အတွင်း ထွက်ပြေးလာသူတွေများပြားပြီး သာမန်ဘဝတွေမှာပင် ပြန်လည်နေထိုင်ဖို့ တော်လှန်ရေးကိုစွန့်ခွာလာသူတွေအများကြီး ဖြစ်လာနေပြီဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။