စစ်ကိုင်းမှာ PDF အကြမ်းဖက်များ အကျအဆုံးများနေ

စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲများမှ PDF တွေ အများအပြား ကျဆုံးနေပြီး ခဲယမ်းမလုံမလောက်ဖြစ်နေကြောင်း ကောလင်း ပကဖအဖွဲဝင်တစ်ဦးက Live လွှင့်ပြောကြားခဲ့ပါတယ်။

96 soldiers အဖွဲကဇေယျာလွင်ကလည်း NUG အဖွဲ့ကတာဝန်မယူမှု၊ PDFအချင်းချင်းမညီညွတ်မှု၊ စစ်မတိုက်ပဲပြည်သူတွေကိုဒုက္ခပေးနေမှုတွေကိုဝေဖန်ပြောဆိုတာကြားသိရပါတယ်။

Local PDF နဲ့ NUG အသိအမှတ်ပြု PDF များ တစ်ဖွဲနဲ့ တစ်ဖွဲ စိတ်ဝမ်းကွဲပြီး တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာချိန်မှာ အလစ်အငိုက်တိုက်ခိုက်ခံရသလို တိုက်ပွဲအတွင်းမှာလည်း ခဲယမ်းတွေအလုံအလောက်မရှိလို့ အလောင်းတောင် မကောက်နိုင်ပဲ ခွေးပြေးဝက်ပြေးနဲ့ ဆုတ်ခွာပြေးခဲ့ရတဲ့အတွက်ယခုလို အကျအဆုံးများနေကြောင်းလည်းဖြစ်ပါတယ်။ အကြမ်းဖက်တွေရဲ့နေဝင်ချိန်ကတော့ သိပ်မလိုတော့ပါဘူး။