စစ်ကိုင်းမြို့နယ်တွင် တပ်မ‌တော်မှ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ သတင်းအတုရေးသား

မတ်လ ၁ ရက်နေ့ ညပိုင်းတွင် တပ်မတော်စစ်ကြောင်းက တာတိုင်ကျေးရွာအတွင်းသို ဝင်ရောက်လာခဲ့ကြောင်း၊ မတ်လ ၂ ရက်
နေ့ နံနက်ပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာချိန်တွင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁၄ ဦး စုစုပေါင်း ပြည်သူ ၁၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ပြီး လမ်းတွင်သတ်ဖြတ်ခဲ့ကာ အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း၊ အမျိုးသမီးများကိုမူ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး မိန်းမကိုယ်အင်္ဂါများအတွင်းတွင် ကြက်သွန်နီဥများ ထိုးထည့်ခဲ့ကြောင်း၊ အလောင်းများကို သယ်ယူခြင်းမပြုနိုင်ရန် အလောင်းများအောက်တွင် ဗုံးနှင့်မိုင်းများ ထောင်ထားခဲ့ကြောင်း Khit Thit Media က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
သတင်းအား စိစစ်ရာတွင် >>> မတ်လ ၁ ရက်နှင့် ၂ ရက်နေ့မှာ စစ်ကိုင်းမြို့နယ်အတွင်းရှိ တာတိုင်ကျေးရွာကို တပ်မတော် စစ်ကြောင်းများ ဝင်ရောက်ရှင်းလင်းခြင်း မရှိကြောင်း၊ တပ်မတော်စစ်ကြောင်းများဟာ စစ်ကိုင်းမြို့နယ်အတွင်းမှာလည်း အခုရက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးပြုလုပ်တာတွေ မရှိသေးကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ တပ်မတော်စစ်ကြောင်းတွေ ရောက်ရှိခြင်းမရှိသေးတဲ့ရွာဖြစ်ပြီး အဲ့ရွာဘက်မှာ သေနတ်ကိုင်တာဆိုရင် PDF တွေပဲဖြစ်ပါတယ်။
PDF များမှ တပ်မတော်စစ်ကြောင်းတွေ ရောက်မလာသေးတဲ့ ရွာတွေက ဒေသခံများကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ကာ စိတ်ထင်တိုင်း သတ်ဖြတ်နေခြင်းပဲဖြစ်ပါတယ်။ PDF တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို Khit Thit Media မှ အမှန်အတိုင်းရေးသားခြင်းမရှိဘဲ အများပြည်သူများနှင့် စစ်တပ်အကြား နာကျည်းမုန်းတီးစေရန် ရည်ရွယ်ချက်ဖြင့် တပ်မတော် တပ်ဖွဲဝင်များကို အပုတ်ချ၍ ဇာတ်နာအောင် အောက်တန်းကျကျ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။
Fake-News
FACT-CHECK
https://t.me/factcheckmm