ခြေနှစ်ဖက်မရှိသော်လည်း သူ့ရဲ့ စွမ်းဆောင်နိုင်ရည်အတွက် ခြေရာထင်ကျန်ရစေမယ်ဆိုတဲ့ အားကစားသမား

ဖြစ်တောင့်ဖြစ်ခဲ တွေ့ရခဲလွန်းလှတဲ့ ရောဂါတစ်ခုဖြစ်ပြီး ဆေးပညာအရတော့ Caudal Regression Syndrome လို့ခေါ် ကြတဲ့ ကျောရိုးနဲ့ ကျောရိုးဆိုင်ရာအကြောတွေ ဖွံ့ဖြိုးကြီးထွားမှုမရှိတဲ့ ရောဂါနဲ့ မွေးဖွားလာခဲ့ရလို့ ခန္ဓာကိုယ်အောက်ပိုင်း ခြေထောက်များမပါရှိဘဲ ကြီးပြင်းလာခဲ့ရတဲ့ အမေရိကန် နိုင်ငံသား ဇီယွန် ကလတ်ခ်က အခုအချိန် အသက် ၂၆ နှစ် ရှိတဲ့အခါမှာတော့အမေရိကန် MMA နပန်း အားကစားလောကရဲ့ နပန်းသမားတစ်ယောက်အဖြစ်သာမက အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုလည်းရရှိဖို့ မျှော်မှန်းလာနေပါတယ်။

ကလတ်ခ် အဖို့ ကိုယ်လက်အင်္ဂါမပြည့်စုံမှုက သူ့ရဲ့ဘဝမှာ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေကိုရောက်စေမှာပဲလို့ သာမန်အားဖြင့် ထင်စရာပါ။ ဒါပေမယ့် ဒီအတားအဆီးတွေကိုကျော်ဖြတ်ပြီးတော့ ကလတ်ခ်က ကမ္ဘာ့ ဂင်းနစ်စံချိန်သုံးခု…