ခြေစွမ်းတိုးတက်လာတဲ့ ချဲလ်ဆီးအသင်း

ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းက ပထမအကျော့တုန်းက ရှုံးနိမ့်ခဲ့တဲ့ မစ်ဒယ်ဘရော့ကို အိမ်ကွင်းမှာ ဂိုး ဒါဇင်ဝက်ကျော်သွင်းကာ ဗိုလ်လုသွားပွဲသို့ တက်ရောက်သွားပြီဖြစ်ပါတယ်။

ချဲလ်ဆီးအတွက် ဂိုးတွေကိုတော့ အန်ဇို၊ ဒီဆာဆီ၊ ပယ်လ်မား၊ မာဒူကီးတို့ကသွင်းခဲ့ကြတာဖြစ်ပြီး မစ်ဒယ်ဘရော့နောက်ခံလူ ဟောင်ဆန်ကိုယ့်ဂိုးကိုယ်သွင်းခဲ့မိတာကြောင့် og လည်းတစ်ဂိုးရရှိခဲ့ပါတယ်။

ဒါကြောင့် ချဲလ်ဆီးအသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိပြီး လိဂ်ဖလားဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပြီး လီဗာပူးလ်နဲ့ ဖူလ်ဟမ်တို့ပွဲကနိုင်တဲ့အသင်းနဲ့ ဗိုလ်လုသွားရမှာဖြစ်ပါတယ်။

crd; pan