ကျောက်တော်ဖြစ်စဉ်

တစ်ဖက်ရန်သူက အင်အားထောင်ချီအသုံးပြုပြီးတိုက်ခိုက်ခဲ့လို့ (AA အဖွဲ့အပြင် ချင်းPDF မကွေး PDFတွေအပြင် မြောက် ၃ ကောင်ပါ ပါဝင်ခဲ့ပါတယ်)
ကျောက်တော်တပ်မက ကျန်ရှိနေတဲ့ တပ်/ရဲ/မှီခိုမိသားစုဝင်တွေ၊ ဒဏ်ရာလူနာများ ကမ်းထိုးရေယာဉ် (၂)စီးနဲ့ ၇ ရက်နေ့က ပြန်လည်ဆုတ်ခွာခဲ့ရတယ် 

ကမ်းထိုးယာဉ်ပေါ်စတက်သည့်အချိန်မှာ ရန်သူမှ ကျောက်တော်တောင်၊ မြစ်တစ်ဖက်ခြမ်း(စံကားတောင်)၊ နာဂရာရွာတိုကနေ လက်နက်ကြီးငယ်များဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်၊

ကျောက်တော်ကနေ စစ်တွေအထိ(‌ရေမိုင် ၅၇ မိုင်ကျော်) ကုလားတန်မြစ်တစ်လျှောက် လုံခြုံရေးတပ်စခန်းများ မရှိတာကြောင့် လေကြောင်းမှ ကင်းထောက်လေယာဉ်များဖြင့် လိုက်လံစောင့်ရှောက်ကြည့်ရှုခဲ့ပြီး ကြားဖြတ်တိုက်ခံရတဲ့ အချိန်များမှာ ရဟတ်ယာဉ်ဖြင့် လိုက်လံချေမှုန်းခြင်း၊ အမြောက်များ၊ ဒုံးများဖြင့် ပစ်ခတ်ချေမှုန်းခြင်းများ တောက်လျှောက်လုပ်ဆောင်ခဲ့ပါတယ်

ရန်သူဟာ ကမ်းဘေးတစ်လျှောက်ရွာတွေကနေ အင်အားအလုံးအရင်းအသုံးပြု၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံးများ၊ RPG၊ စက်လက်၊ စနိုက်ပါတိုဖြင့် ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာကြောင့် ၈ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲအချိန်မှာ သွားရောက် ခေါ်ဆောင်ခဲ့သည့် ကမ်းထိုးရေယာဉ်(၂)စီးမှ တစ်စီးမှာ နေပူခံရွာအနီး သောင်တင် ဗိုက်ပေါက်ခဲ့တာကြောင့် ရေယာဉ်ပေါ်မှ လူများအား ဒုတိယတစ်စီးထံ အရေးပေါ်ပြောင်းရွှေ့ခဲ့ရပါတယ်။

ထို(၁)စီးအားကူရန်အတွက် ဘဲခိုးရွာနားမှာရှိတဲ့ နောက်ထပ်ကမ်းထိုးယာဉ်တစ်စီးနဲ့ သွားရောက်ကူခဲ့ရတယ်၊ တတိယတစ်စီးထံ လူတွေ ထပ်မံရွှေ့ပြောင်း ခဲ့ရတယ်၊ ထိုကမ်းထိုးယာဉ် ပြန်မောင်းလာတဲ့အချိန် ကျောက်ဖြူရွာအနီးမှာ ရေယာဉ် ငါးဖမ်းပိုက်၌ငြိပြီး ရန်သူမှ Drop Bomb ကြဲတိုက်ခိုက်ခံရပြီး စက်ချိုယွင်းခဲ့တာကြောင့် ရေစုန်အတိုင်းမျှောခဲ့ရပြီး နောက်ထပ် စစ်ကူတိုက်ရေယာဉ်နှင့် ကမ်းထိုးရေယာဉ်(၂)စီး ချက်ချင်းထပ်မံစေလွှတ်ခဲ့ရပါတယ်။

ရန်သူဟာ အတက်/အဆင်း ရေယာဉ်တွေကို ကျောက်တော်မြို၊ အပေါက်ဝ၊ ကျောက်ဖြူ၊ လမုတပင်၊ ဒုက္ကံချောင်း၊ ဂုပ္ပီဒေါင့်၊ နေပူခံ၊ လက်မဆိပ်၊ တောင်ဖူး စသည့်ရွာများမှနေ၍ ကြားဖတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာပါ။

စစ်ကူရေယာဉ်များမရောက်ခင်အချိန်မှာ လေကြောင်းမှ ကင်းထောက်လေယာဉ်များဖြင့် စောင့်ကြပ်ကြည့်ရှုခြင်း၊ ၎င်းတိုတိုက်ခိုက်သည့် နေရာများအား အကြိမ် ၅၀ နှင့် အထက် ဗုံကြဲတိုက်ခိုက်ခြင်း၊ ရေယာဉ်ပေါ်ပါ တပ်မတော်သားများမှ ပြန်လည် ခုခံတိုက်ခိုက်ခြင်းတိုပြုလုပ်ခဲ့သော်လည်း ကမ်းထိုးရေယာဉ်ထပ်မံထိမှန်ခဲ့ပါတယ်
ကျန်တာတွေကတော့ လိုင်းပေါ်တက်နေတာမိုအားလုံးသိပြီးသားဖြစ်ကြမှာပါ
မနေ့ညက ဒီလိုအခက်အခဲတွေကြားက တတိယသင်္ဘောနဲ့ဆွဲလာနေပြီ၊ စစ်ကူရေယာဉ် တွေလည်း တက်သွားပြီ၊ မိသာစုဝင်တွေရောက်လာကြတော့မယ်ဆိုပြီး တကယ် ဝမ်းသာခဲ့ရတာပါ၊

ကျောက်တော်ဖြစ်စဉ်အတွင်း ကျဆုံးသွားကျတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များနဲ့ မိသားစုဝင်များအားလုံး ကောင်းရာဘုံဘဝရောက်ကျပါစေလို ဆုတောင်းပေးပါတယ်၊ မိသားစုဝင်များနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်. #Crd