ကျန်းမာရေးနဲ့ အလှအပရေးရာအတွက် သံပုရာသီးရဲ့ အသုံးဝင်ပုံအမျိုးမျိုး

သံပုရာသီးဟာ ဟင်းချက်ခြင်းနဲ့ဖျော်ရည်များဖျော်စပ်ခြင်းအတွက်သာ အသုံးဝင်တယ်လို့ ထင်ကြပါတယ်။

တကယ်တော့ သံပုရာသီးမှာ သဘာဝကျန်းမာရေးအကျိူးပြုဓာတ်ပေါင်းတွေပါဝင်တာမို့ ကျန်းမာရေးအတွက်အသုံးပြုနိုင်သလို အလှအပအတွက်လဲ အသုံးဝင်ပါသေးတယ်။

သံပုရာသီးကို ကျန်းမာရေးအတွက် အောက်ပါအတိုင်းအသုံးပြုနိုင်ပါတယ်။

(၁)ကင်ဆာရောဂါကာကွယ်ပေးခြင်း

၂၀၁၇ စက်တင်ဘာက လေ့လာချက်တစ်ခုအရ သံပုရာသီးကဲ့သို့ ချဉ်သောအသီးများဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်ရုံသာမက

ကင်ဆာကုထုံးများဖြင့်တွဲဖက်အသုံးပြုခြင်းဖြင့် ကုထုံးများပိုမိုထိရောက်မှု ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။သံပုရာသီးမှာ ဗီတာမင်စီ၊ကယ်ဆီယမ်၊

သံဓာတ်၊အမျှင်ဓာတ်နဲ့ပိုတက်ဆီယမ်အပြင် အခြားသော အာဟာရများစွာ ပါဝင်ပါတယ်။ရင်သားကင်ဆာ၊အသည်းကင်ဆာ၊အဆုတ်ကင်ဆာနဲ့အခြားကင်ဆာရောဂါများကိုပါ ကာကွယ်နိုင်စွမ်းရှိပါတယ်။

(၂)အရေးအကြောင်းများကို ဖယ်ရှားပေးခြင်း

အိုမင်းရင့်ရော်ခြင်းကို ဘယ်အရာကမှ မတားဆီးနိုင်ပါဘူး။ဒါပေမယ့် သင့်အရေးအကြောင်းတွေမှိန်စေဖို့တော့ သံပုရာသီးက စွမ်းဆောင်နိုင်ပါလိမ့်မယ်။

သံပုရာသီးမှာ ဗီတာမင်စီ ပါဝင်မှုမြင့်မားတဲ့အတွက် ကော်လဂျင်ထုတ်နှုန်းကို မြင့်တက်စေပြီးအသားအရေကို တင်းရင်းစေပါတယ်။

ထို့ပြင် သံပုရာတွင်ပါသော သဘာဝအင်ဇိုင်းများက ချွေးပေါက်များကို ပြန်လည်ကျဉ်းစေပါတယ်။ သံပုရာသီးကို အကွင်းလိုက်လှီးပြီး

အရေးအကြောင်းများပေါ်တွင်ကပ်ခြင်းဖြင့် လည်းကောင်း၊သံပုရာသီးကို ကြိတ်ပြီး maskအဖြစ်အသုံးပြုခြင်းကို လည်းကောင်းတစ်ပတ်၂ကြိမ် ပြုလုပ်သင့်ပါတယ်။

အမေရိကန်နိုင်ငံအရေပြားပညာရှင်အဖွဲ့ရဲ့အဆိုအရ အနည်းဆုံးတစ်လအကြာမှာ သိသာတဲ့ရလဒ်ကို ရရှိနိုင်မယ်လို့ သိရပါတယ်။

(၃)ဝိတ်ကျစေခြင်း

သံပုရာသီးတွင် ကြွယ်ဝစွာပါဝင်သော ဗီတာမင်စီက အစာစားချင်စိတ်ဖြစ်စေသော ကော်တီစောဟိုမုန်းကို ကျဆင်းစေပါတယ်။

ဒါကြောင့် ကော်ဖီ၊လက်ဖက်ရည်နဲ့ အချိူပါဝင်မှုမြင့်မားသော အရည်များကို သောက်မယ့်အစား သံပုရာရည်ကိုအစားထိုးသောက်ခြင်းဖြင့် ဝိတ်ကျစေတဲ့အပြင်

ကိုလက်စထရောကိုပါကျဆင်းစေမှာပါ။ကိုလာတစ်ဘူးမှာ ကယ်လိုရီ ၁၄ဝပါဝင်ပြီး သံပုရာရည်မှာတော့ ကယ်လိုရီ ၀ သာပါဝင်မှာ ဖြစ်ပါတယ်။

(၄)အသည်းကိုသန့်ရှင်းစေတယ်

သံပုရာရည်ကို အဆိပ်ထုတ်အရည် (detox water)အဖြစ် အသုံးပြုနိုင်ပါတယ်။သံပုရာတွင်ပါသော pectin က အဆီများကိုချေဖျက်ပေးနိုင်တဲ့အပြင်

အူထဲကအညစ်အကြေးတွေကို သန့်စင်စေပါတယ်။choline နဲ့ သံပုရာသီးအသားမှာပါသော အဆီများကလဲ အသည်းရဲ့အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပါသေးတယ်။

အသည်းနဲ့တကိုယ်လုံးက အဆိပ်အတောက်တွေကိုသန့်စင်ပေးမယ့် detox water နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

-သံပုရာသီးတစ္လုံး-ရေ ခွက်၁ဝက်ခန့်-ဂျင်း လက်တစ်ဆစ်-ကြက်ဥအစိမ်းတစ်လုံ-ဗီတာမင်အီး တစ္လုံး-သံလွင်ဆီ လက်ဖက်စားဇွန်းဇွန်း၂ဇွန်း-ပူစီနံ ၁ဝရွက်ခန့်

ပါဝင်ပစည်းအားလုံးကို ဖျော်ရည်ဖျော်စက်တွင်ကြိတ်ပါ။ထို့နောက် ရေခဲသေတာထဲတွင် တစ်ရက်ခန့်ထည့်ထားပါ။ နောက်တစ်နေ့မနက် breakfast မစားမီ သောက်သုံးပါ။

(၅)လည်ချောင်းနာခြင်းအတွက် ဆေးတစ်လက်

သံပုရာသီးတွင်ပါသော ဗီတာမင်စီက ကိုယ်ခံအားကိုတက်စေပြီး လည်ချောင်းတစ်လျှောက်ရှိ ဘတ်တီးရီးယားများကို သေစေတဲ့အစွမ်းရှိပါတယ်။

ရေနွေးထဲကို သံပုရာတစ်ခြမ်းနဲ့ ပျားရည်အနည်းငယ်ထည့်ပြီးသောက်ပေးပါ။လည်ချောင်းနာခြင်းကိုသက်သာစေပြီး ချွဲသလိပ်များကို ပျော်စေပါတယ်။

(၆)ဦးနှောက်စွမ်းရည်ကိုမြင့်တက်စေပြီး စိတ်ဖိစီးမှုကိုလျှော့ချပေးခြင်း

သံပုရာသီးမှာ ပိုတက်ဆီယမ်ဓာတ်လဲ ကြွယ်ဝပါတယ်။ပိုတက်ဆီယမ်ဓာတ်ဟာ ဦးနှောက်စွမ်းရည်ကောင်းမွန်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

နေ့စဉ်သံပုရာသီးကိုပုံမှန်စားသုံးပါက သင့်မှတ်ဉာဏ်စွမ်းရည်ပိုမို တိုးတက်လာတာတွေ့ရမှာ ဖြစ်ပါတယ်။ယခင်ကထက် ပိုမိုပျော်ရွင်လာခြင်း၊စွမ်းအင်ပြည့်ဝခြင်းတို့ကိုပါ ခံစားရမှာ ဖြစ်ပါတယ်။

(၇)နေလောင်ခြင်းကိုသက်သာစေခြင်း

နေလောင်ခြင်းကြောင့် အသားအရေနီမြန်းခြင်းကို သံပုရာသီးက ကုစားပေးနိုင်ပါတယ်။သံပုရာရည် ထမင်းစားဇွန်းတစ်ဇွန်းစာကို သခွားသီး၊နှင်းဆီရည်နဲ့ရောစပ်ပါ။

နေလောင်သောနေရာပေါ်တွင် နာရီဝက်ခန့်လိမ်းထားပါ။

(၈)နှာခေါင်းသွေးလျှံခြင်းကိုသက်သာစေခြင်

နှာခေါင်းအတွင်းနံရံတစ်လျှောက်တွင် အလွန်သေးငယ်သော သွေးကြောများရှိတာမို့ ဒဏ်ရာတစ်ခုခုဖြစ်တာနဲ့ အလျှင်အမြန်သွေးယိုစီးမှု ဖြစ်ပေါ်စေတာဖြစ်ပါတယ်။

သင့်မှာ နှာခေါင်းသွေးယိုခြင်းဖြစ်ပွားပါက ခေါင်းကိုနောက်သို့မလှန်ပါနဲ့။ခေါင်းကို အောက်ငုံ့တာလဲ မလုပ်သင့်ပါဘူး။သင့်မေးစေ့ကို မြေပြင်နဲ့ အပြိုင်အနေအထားမှာထားပြီး

နှာခေါင်းကို လက်၂ချောင်းဖြင့် ညှစ်ထားပါ။ထို့နောက် သံပုရာရည်၂စက်ခန့်ကို နှာခေါင်းတစ်ဖက်စီတွင် ထည့်ပေးပါ။သံပုရာသီးတွင်ပါသော မြင့်မားတဲ့အက်ဆစ်ပမာဏကြောင့်

မကြာခင်သွေးတိတ်ပါလိမ့်မယ်။ထို့ပြင် ဗီတာမင်စီက သင့်နှာခေါင်းသွေးကြောငယ်လေးများကို သန်မာကြံ့ခိုင်စေပါလိမ့်မယ်။နှာညှစ်ခြင်း၊နှာခေါင်းမှုတ်ထုတ်ခြင်းတို့က

သွေးထပ်မံယိုစီးဖို့အားပေးတာမို့ ရှောင်ရှားသင့်ပါတယ်။

(၉)ဝက်ခြံအနာရွတ်များကိုမှိန်စေခြင်း

သံပုရာသီးဟာ ဗီတာမင်စီနဲ့ citric acid ပါဝင်မှု မြင့်မားသောအသီးတစ်မျိူး ဖြစ်ပါတယ်။ ဗီတာမင်စီက ကော်လာဂျင်ထွက်နှုန်းကိုအားပေးပြီး အသားအရေကို တင်းရင်းစေပါတယ်။

အမာရွတ်များကိုမှိန်စေပြီး အရေပြားဆဲလ်အသစ်တွေ ဖြစ်ပေါ်ဖို့အားပေးပါတယ်။ စစ်ထရစ်အက်စစ်က သဘာဝအစွန်းချွတ်ဆေးအဖြစ်လုပ်ဆောင်ပေးမှာမို့

အမာရွတ်များကို ဖျော့တော့လာစေပါလိမ့်မယ်။ထို့ပြင် ဝက်ခြံဖြစ်စေမယ့်ဘတ်တီးရီးယားများကိုသေစေမှာမို့ ဝက်ခြံများထပ်မံမဖြစ်ဖို့ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

Crd;  M T star google news