ကော့ကရိတ်မြို့မှ ဆုတ်ခွာထွက်ပြေးနေရပြီဖြစ်တဲ့ KNU များ

ကော့ကရိတ်မြို့တိုက်ပွဲပြင်းထန်နေပြီး တပ်အင်အားအများအပြားစစ်ကြောင်းထိုးရောက်ရှိလာ၍ KNU တပ်ဖွဲ့များ စိုးမိုးနေရာယူထားသည့်နေရာများမှ ဆုတ်ခွာပြေးနေရပြီး အာရှလမ်းမကြီးကိုလည်းတပ်မတော်က ပြန်လည် စိုးမိုးထားပြီးဖြစ်သည်။

မနေ့ညက မစ်ဇိုင်းဒုံးကျည်များမနားတမ်းလက်ဆောင်ပစ်ခတ်ခြင်း၊ လေကြောင်းနှင့်မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့်ထိခိုက်သေဆုံးနဲ့ဆုတ်ခွာပြေးရခြင်းဟုဆိုသည်။ဒီနေ့ကော့ကရိတ်မြို့ပေါ်နှင့်နေရာအနှံ့ပါတ်ပါတ်လည်Y-12 ဖြင့်‌ မနားတမ်းပျံသန်းသုတ်သင်နေပြီလည်း ဖြစ်ပါတယ်။ ကော့ကရိတ်ရွာသစ်မှာ KNU&PDF ထိခိုက်ပျက်စီးသေဆုံးမှု အများအပြားရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကူစစ်ကြောင်းမှာ မည်သည့်လမ်းကြောင်းမှ မည်သို့ရောက်ရှိလာသည်ကို မသိရပါဘဲ အင်အားရာနှင့်ချီနေသည်။ ကော့ကရိတ်မြို့ကို ထိန်းချုပ်ထားပြီ ဖြစ်၍ မြဝတီမြို့နဲ့လည်း ၂၆ မိုင် သာ ဝေးပါတော့တယ်။