ကိုယ့်စိတ်ကိုယ်စစ်ပါ

သူတပါး မကောင်းတာကို တွေးနေရင်
ကိုယ့်အတွက်ကောင်းတာတွေတွေးဖို့
အချိန်တွေ ဆုံးရှုံးတယ် ။

သူတပါး မကောင်းကြောင်းတွေ ပြောနေရင်
ကိုယ့်အတွက် ကောင်းတာတွေပြောဖို့
အချိန်တွေ ဆုံးရှုံးတယ် ။

သူတပါး မကောင်းမှု လုပ်တာကို

ထိုင်ကြည့်နေရင်
ကိုယ်ကောင်းတာလုပ်ဖို့ အချိန်တွေ
ဆုံးရှုံးတယ် ။

ကမ္ဘာကြီးက တဖြည်းဖြည်းပူလာတယ်
ကိုယ့်စိတ်တွေ အေးအောင်ကြိုးစားထားမှ ဘဝအချိန်ခဏလေးနေရတာ တန်ဖိုးရှိမယ်။

နေရာတိုင်းက ဆူနေတယ်
ကိုယ့်စိတ်ကိုယ်တိတ်အောင်ငြိမ်အောင် ကြိုးစားထားမှ
ဘယ်နေ့ ဘယ်အချိန် ဘယ်ဘေးနဲ့ သေရမယ်မှန်း
မသိနိုင်တဲ့အတွက် ပြင်ဆင်ပြီးသား
ဖြစ်မယ်။

ကုသိုလ်လည်းမရ၊ ပညာလည်းမရ
ဥစ္စာလည်းမရ
အကုသိုလ်တွေပဲ အဖတ်တင်တဲ့
အလုပ်တွေအတွက်အချိန်မဖြုန်းပါနဲ့ ။

ကုသိုလ်ကောင်းမှုက
တိတ်ဆိတ်တဲ့ သဘောရှိတယ်
အေးချမ်းတယ်
အကုသိုလ်က ဆူတယ် ပူတယ်

ဒါကြောင့် .တိတ်တိတ်လေးနေနော်
ဘဝက သိပ်မြန်လွန်းလို့ပါ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး