ဒီဇင်ဘာ ၁၈ရက်က ဒီဇင်ဘာအားကစားလ(တတိယပတ်)စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ်များနှင့်
ကွပ်ကဲမှုအောက်တပ်နယ် အသီးသီးတို့၌ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်ရာ
တွင်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး/ ဌာနများ၏ ဒီဇင်ဘာအားကစားလ (တတိယပတ်) စုပေါင်း
လမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံး စခန်းမှူးနှင့် ရုံး/ ဌာနများမှ
အရာရှိ၊ စစ်သည်၊ မိသားစုများ ပါဝင်ဆင်နွှဲကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း
သတင်းရရှိပါတယ်။ ဆက်လက်ပြီး တိုင်းစစ်ဌာနချုပ်များ၌လည်း အသီးသီး ကျင်းပပြုလုပ်ကြရာ တိုင်းမှူးများ၊
ဒုတိယတိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်၊
မိသားစုဝင်များ ပါဝင်ဆင်နွှဲကြပြီး သတ်မှတ်နေရာများတွင် စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ
ဆောင်ရွက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2022/12/viber_image_2022-12-18_20-47-02-089.jpg?resize=640%2C393&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2022/12/Picture2_42.png?resize=640%2C389&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2022/12/Picture3_169.jpg?resize=640%2C360&ssl=1)