မေလ ၂၃ ရက်နေ့တိုက်ပွဲသတင်းများ

ရှမ်းပြည်နယ်

လွိုင်လင်လေးမြို့ ထီးစဲခါး၊ ကုန်းစွတ်ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အကြမ်းဖက်များက Drone ၁ စီးဖြင့် ၃ ကြိမ် Drop Bomb ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် ၃ လောင်း သိမ်းဆည်းရရှိ။

ကရင်ပြည်နယ်

ဖာပွန်မြို့ နယ်မြေခံတပ်ရင်းများသို့ KNLA တပ်မဟာ ၅ ၊ ရင်း ၁၀၂ နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၇၀ ဦးခန့်ကလည်းကောင်း၊ ၇၀ ဦးခန့်ကလည်းကောင်း ၊ ၁၀၀ ဦးခန့်ကလည်းကောင်း အင်အားများဖြန့်ခွဲ၍ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး KNLA ၇ လောင်း၊ လက်နက် ၄ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၀ တောင့်၊ ဒုံးသီး ၁ လုံး သိမ်းဆည်းရမိခဲ့ပြီး မိမိစစ်သည် ၂ ဦးကျ၊ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့။

စစ်ကိုင်းတိုင်း

ဖောင်းပြင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မော်လိုက်ကုန်းကျေးရွာတောင်ဘက်သို့အရောက် နေရာ ၂ နေရာမှ PDF အကြမ်းဖက် ၆၀ ဦးခန့်က Drop Bomb ၊ လက်နက်ကြီး/ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်လုပ်သေနတ် ၆ လက်၊ လက်လုပ် ၄၀ မမ ၁ လက်၊ လက်လုပ် ၄၀ မမဗုံးသီး ၂ လုံး၊ လက်လုပ်မိုင်း ၄ လုံး၊ Drone Guard(4channe) ၁ ခု၊ အင်ဗာတာ ၁ လုံး၊ သဲအိတ်ဘန်ကာ ၃ လုံး၊ ဆက်သွယ်ရေးမြောင်း ၁၅၀၀ ပေ သိမ်းဆည်းရမိခဲ့။

မန္တလေးတိုင်း

မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာ ဘုန်းကြီးကျောင်းသို့ PDF အကြမ်းဖက်များက Drone ၃ စီးဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်းအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး PDF ၁ လောင်း၊ အမ်ဂျီ(၁) လက်ပစ်ဗုံး ၁ လုံး၊ မှန်ပြောင်း ၁ ခု သိမ်းဆည်းရမိခဲ့။