ဗန်းမော်မြို့နယ် တရားမဝင်ရွှေတူးဖော်လျက်ရှိသည့် စက်လှေများ သိမ်းဆည်းရမိ

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ မြေပေါ်၊ မြေအောက် သယံဇာတများကို တရားမဝင်ထုတ်ယူသုံးစွဲမှုများ မရှိစေရေးအတွက်လည်း တရားဥပဒေစိုးမိုးရေးတာဝန် များကို ထမ်းဆောင်လျက်ရှိရာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မြစေတီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၅၀ ခန့်အကွာသို့အရောက်၌ ဧရာဝတီမြစ်အတွင်း တရားမဝင်ရွှေတူးဖော်လျက်ရှိသည့် စက်လှေ ၅၇ စီးနှင့် ရွှေတူးဖော်ရာတွင်အသုံးပြုသည့် သစ်သားမျောစင် ၃ ခု အပါအဝင် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကာ
ပစ္စည်းများအား လုပ်ထုံးလုပ် နည်းနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။