ဖေဖော်ဝါရီလ ၈ ရက် တိုက်ပွဲသတင်းပေါင်းချုပ်


ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။

♦️♦️♦️♦️💥💥💥💥💥💥💥💥

ကယားပြည်နယ်၊ လွိင်ကော်မြို့၊ လေယာဉ်ကွင်းနေရာသို့ နေရာ ၄ နေရာမှ KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား ၁၂၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ရခိုင်ပြည်နယ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကိုးတန်ကောက်စခန်းသို့ အင်အား ၃၀၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်း/ရေကြောင်းဖြင့် ပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ပြည်သူ့ဆေးရုံသို့ AA သောင်းကျန်းသူ အင်အား ၁၅ ဦးခန့်ကလည်းကောင်း၊ သိမ်တော်ဘုရားကုန်းသို AA သောင်းကျန်းသူ အင်အား ၉၀ ဦးခန့်ကလည်းကောင်း လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည် ပစ်ခတ်ခဲ့။

ရမ်းဗြဲမြို့တွင် AA အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့် နေရာများသို့ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိ။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းစခန်းသို့ နေရာ ၂ နေရာမှ PDF ၁၀၀ ဦးခန့်က ၁ ကြိမ်၊ နေရာ ၃ နေရာမှ အင်အား ၁၅၀ ဦးခန့်က ၁ ကြိမ် လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဝန်းကျင် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နေရာ ၃ နေရာမှ အကြမ်းဖက် ၁၁၀ ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။ # Crd