![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/03/photo_2023-03-24_09-46-16.jpg?resize=640%2C360&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/03/photo_2023-03-24_09-46-08.jpg?resize=640%2C640&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/03/photo_2023-03-24_09-46-12.jpg?resize=640%2C640&ssl=1)
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုသည့် ပါတီများအနေဖြင့် ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံတင်ပြန်လည်လျှောက်ထားကြရမည်ဖြစ်ရာ လက်ရှိအချိန်ထိ မှတ်ပုံတင်လျှောက်ထားလာသည့်ပါတီ (၃၈) ပါတီရှိကြောင်း UEC ထံမှ သိရသည်။
ယခင်ဥပဒေအရ မှတ်ပုံတင်ထားသည့် ပါတီ (၉၀) ကျော် ရှိသည့်အနက်မှ ၂၀၂၃ ခုနှစ် မတ်လ (၂၂) ရက်အထိ ပါတီ (၃၈) ပါတီသာ မှတ်ပုံတင်ပြန်လည်လျှောက်ထားသေးကြောင်း UEC က သတင်းထုတ်ပြန်ထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ မတ်လ (၂၂) ရက်တွင် NDF ပါတီအပါအဝင် နိုင်ငံရေးပါတီ (၅) ပါတီ မှတ်ပုံတင် ထပ်မံလျှောက်ထားလာကြောင်းလည်း သိရသည်။