ညောင်လေးပင်မြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးတံတားအား အကြမ်းဖက် KNU/PDFများမှ မိုင်းခွဲဖျက်ဆီး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ဂွေးကုန်းကျေးရွာအုပ်စု၊ ကောက်မယ်သူကျေးရွာအနီးရှိ ရေဖြူကန်-ချုံအင်း-ဒလဆိပ် လမ်းပေါ်ရှိ အရှည်(၁၁၀)ပေ၊ အကျယ်(၁၄) ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးတံတားအား ယနေ့ ဇွန်လ ၁၀ ရက် နံနက် ၆:၃၀ အချိန်ကအကြမ်းဖက် KNU/ PDF များမှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။