ဇွန်လ ၂၂ ရက်နေ့ တိုက်ပွဲသတင်းများ

ဇွန်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။
==========
ကရင်ပြည်နယ်
ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အတွင်းကွင်းကလေးရွာ၏ အနောက်မြောက်ဘက်သို့အရောက် KNLA တပ်မဟာ ၆ ၊ ရင်း ၂၇ နှင့် အကြမ်းဖက်အင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် KNLA အကြမ်းဖက်သောင်းကျန်းသူများ သေဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများအား သယ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ရန်သူ့နေရာအား ရှင်းလင်းခဲ့ရာ..

တဲ ၁၈ လုံး၊ ပစ်ကျင်း ၇၀ ကျင်း၊ ဘန်ကာ ၉ လုံး၊ ပြောက်ကျားယူနီဖောင်း ၁၅ စုံ သိမ်းဆည်းရမိခဲ့။

ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်သောင်းကျန်းသူများနောက် ထပ်ချပ်လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့ရာ နေ့လည်ပိုင်းတွင် အတွင်းကွင်းကလေးကျေးရွာအနီးအကြမ်းဖက် ၃၀ ဦးခန့်နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး-

ကျား ၂ လောင်း၊ ရှေ့ထွက်မိုင်း ၃ လုံး၊ ပစ်ကျင်း ၁၀၀ ကျင်း၊ ဘန်ကာ ၇ လုံး၊ ဝါးခြံစည်းရိုး ၃၅၀ပေ၊ ပြောက်ကျား ယူနီဖောင်း ၃၀ စုံ သိမ်းဆည်းရမိခဲ့။

ထပ်မံ၍ အပြင်ကွင်းကလေးရွာ၏ အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာသို့အရောက် နေရာ ၂ နေရာမှ KNLA တပ်မဟာ(၆) ၊ ရင်း ၂၇ နှင့် အကြမ်းဖက် ၁၅ ဦးခန့်က Drone ၂ စီး ဗုံး ၁၀ လုံး လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

အကြမ်းဖက် ၁ လောင်း၊ အမ်(၁၆) ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၄ တောင့်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ပစ်ကျင်း ၁၃ ကျင်း၊ တဲ ၄ လုံး သိမ်းဆည်းရမိခဲ့။
ဖြစ်စဥ် ၃ ခုလုံးတွင်..
မိမိစစ်သည် ၂ ဦး ထိခိုက်ဒဏ်ရာရ။

တနင်္သာရီတိုင်း

တနင်္သာရီမြို့နယ်အတွင်းရှိ ကျောက်လုံးကြီးစခန်းတစ်ဝိုက် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် စခန်း၏ အနောက်တောင်ဘက်သို့အရောက် အကြမ်းဖက် ၂၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့။

အကြမ်းဖက် ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ ကျည် ၈ တောင့်၊ အာပီဂျီဒုံးသီး ၁ လုံး သိမ်းဆည်းရမိခဲ့။

ခမောက်ကြီးမြို့နယ် မာရမ်းနယ်မြေရဲစခန်း၌ လုံခြုံရေးဆောင်ရွက်စဉ် နေရာ ၂ နေရာမှ အကြမ်းဖက်အင်အား ၃၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ် ခဲ့ရာ အကြမ်းဖက်များ မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့။

အကြမ်းဖက် ၁ လောင်း၊ ၄၀ မမဗုံးသီး ၅ လုံး သိမ်းဆည်းရမိခဲ့။

ရခိုင်ပြည်နယ်

မောင်တောမြို့ အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာနေရာသို့ နေရာ ၄ နေရာမှ AA သကသ အင်အား ၅၅ ဦးခန့်ကလည်းကောင်း၊ ဂေါ်ညာကျေးရွာသို့ AA သကသ အင်အား(စိစစ်ဆဲ) ကလည်းကောင်း ဒရုန်းများဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် မိမိဘက်မှလည်း ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့။

ရန်သူ ထိခိုက်မှု စုံစမ်းဆဲ၊ မိမိထိခိုက်မှုမရှိ။

စစ်ကိုင်းတိုင်း

ကလေးမြို့နယ် အောင်မြင်သာကျေးရွာသို့ နေရာ ၂ နေရာမှ အကြမ်းဖက်အင်အား ၆၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ကျေးရွာအနီးလုံခြုံရေးဆောင်ရွက်နေသော လခရ တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့။

အမ်(၂၂ ) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂ တောင့်၊ ဆေးဝါးမျိုးစုံ ၁ အိမ် သိမ်းဆည်းရမိခဲ့။

ဖောင်းပြင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မြို့၏ အရှေ့မြောက်ဘက် မီတာ ၆၀၀၀ ခန့်အကွာသို့အရောက် နေရာ ၂ နေရာမှ PDFအကြမ်းဖက်အင်အား ၄၀ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

PDFအကြမ်းဖက် ၅ လောင်း၊ ၁၂ ဘိုးလ် ၁ လက်၊ လက်လုပ်သေနတ် ၅ လက်၊ ကျည် ၃၈၂ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ပစ်ကျင်း ၁၃ ကျင်း၊ ဆက်သွယ်ရေးမြောင်း ၁၅၀ ပေ၊ ဘန်ကာ ၁ လုံး သိမ်းဆည်းရမိခဲ့။
မိမိစစ်သည် ၁ ဦး စိုးရိမ်ရဒဏ်ရာရခဲ့။

ပဲခူးတိုင်း

အကြမ်းဖက်မှုကို မလိုလားတဲ့ ဆိတ်မြောင်ကျေးရွာမှ ပြည်သူများ၏ သတင်းပေးချက်အရ အဲဒီရွာအနီး ခိုအောင်းရောက်ရှိနေသော အကြမ်းဖက်သောင်းကျန်းသူများ၏ နေရာကို အတိအကျသတင်းရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီခွဲချိန်ခန့်တွင် အကြမ်းဖက်အင်အား ၁၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကဖသမားများ ထွက်ပြေးလွတ်မြောက်သွားပြီး..

တဲ ၁၀ လုံး၊ သေနတ်စင် ၁ စင်၊ ယမ်းမှုန်း ၅၀ ကျပ်သား၊ ယမ်းကြိုး ၁ ခွေ၊ ဆန် ၅ အိတ်၊ ဆေးမျိုးစုံ ၃ အိတ်၊ တောစီးလည်တိုဖိနပ် ၂၀ ရံ သိမ်းဆည်းရမိခဲ့။

မိမိထိခိုက်မှုမရှိ။