ဇွန်လ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်တိုက်ပွဲများ

ဇွန်လ ၁၅ ရက် ၂၀၂၄ ခုနှစ်။

အမ်းမြို(ကဇူးကိုင်းဒေသ)
ယနေ့နံနက်ပိုင်း ၉ နာရီခန့်က ဒါလက်စစ်ဆေးရေးဂိတ်အား AA အကြမ်းဖက်အဖွဲ့မှ Drop Bomb များဖြင့်လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဒရုန်းတက်သည့်နေရာများအား လက်နက်ကြီးများဖြင့် ပြန်လည်ချေမှုန်း တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတူ နေ့လည်ပိုင်း ၉ နာရီအချိန်ခန့်က ကဇူးကိုင်းကျေးရွာအတွင်း လုံခြုံရေးယူနေသည့် တပ်မတော်စစ်ကြောင်းအား AA အကြမ်းဖက်အဖွဲ့မှ Drop Bomb အပြင်၊ လက်နက်ကြီးလက်နက်ငယ်များဖြင့်ပါ တိုက်ခိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သားများမှ အပြင်းအထန်ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများ ၁၀ နာရီအချိန်ခန့်တွင် အဆိုပါနေရာမှ ဒဏ်ရာရ/သေဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရ။

(မောင်တောမြို့)
မောင်တောမြို့နေရာစုံအား ပြန်လည်ထိန်းချုပ်နိုင်ရေး တန်ပြန်တိုက်စစ်ဖွင့် တိုက် ခိုက်နေသည့် တပ်မတော်စစ်ကြောင်းများအနေဖြင့် ယနေ့တွင် မောင်တောမြို့အား တိုက်ခိုက်ရန် ဗောဓိကုန်းကျေးရွာ၊ ကံသာယာကျေးရွာ၊ ကံပြင်(သာစည်)ကျေးရွာတို့တွင် ခြေကုပ်ယူထားသော AA အကြမ်းဖက်သောင်းကျန်းသူများအား လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူလျက် စတင်တိုက်ခိုက်ချေမှုန်းနေပြီဖြစ်ကြောင်း သိရှိရ။

(သံတွဲမြို့)
သံတွဲလေဆိပ်အနီး ဂေါ့ရွာအတွင်း ဒေသခံပြည်သူလူထုအား လူသားတံတိုင်းခံကာ သံတွဲမြို့အတွင်း အကြမ်းဖက်သောင်းကျန်းမှုများပြုလုပ်ရန် ရောက်ရှိနေသည့် AA သောင်းကျန်းသူအဖွဲ့အား တပ်စစ်ကြောင်းများမှ ပိတ်ဆို့တိုက်ခိုက်ရှင်းလင်းလျက်ရှိရာ သောင်းကျန်းသူများ ယနေ့ညပိုင်းက ဆင်ကြပ်ကျေးရွာဘက်သို့ သေဆုံး/ဒဏ်ရာရာများစွာဖြင့် ဆုတ်ခွာထွက်ပြေးနေကြောင်း သိရှိရ။

(တောင်ကုတ်မြို့)
ယနေ့ညပိုင်းက တောင်ကုတ် တက္ကသိုလ်အနီး AA သောင်းကျန်းသူအဖွဲ့များ ရောက်ရှိနေကြောင်း အကြမ်းဖက်သောင်းကျန်းသူများအား မလိုလားသည့်ဒေသခံများ၏ သတင်းပေးပို့မှုအရာ တပ်မတော်စစ်ကြောင်းမှ သွားရောက်ရှင်းလင်းခဲ့ရာ နှစ်ဖက်တိုက်ပွဲခဏတာမျှဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအဆိုပါနေရာမှ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရ။ #Crd