ဇူလိုင်လ ၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ခင်ဦးမြို့နယ် ကုန်းကြီးကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေး ဆောင် ရွက်နေစဉ် PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် သိမ်းဆည်းထားသော လက်လုပ်စိန်ပြောင်း ၄ လက်၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂၃ လုံး၊ လက်လုပ်မိုင်း ၉ လုံး၊ ၅ ယောက်အိပ်တဲ ၈ လုံး၊ ဒီတိုနေတာ ၉၀ ချောင်း၊ ယမ်းကြိုး ၁ ခွေနှင့် ကား ၃ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/07/download-3.jpg?resize=318%2C159&ssl=1)