ကျောင်းအပ်နှံရေး ပထမနေ့တွင် ကျောင်းအပ်နှံသူ ၁၇ သိန်း ၉ သောင်းကျော် လာရောက်အပ်နှံ

ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးရက်ဖြစ်သည့် မေလ(၂၃) ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၁၇၉၂၈၀၈ ဦးရှိခဲ့တယ်လို့သိရပါတယ်။
ယခု ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် (၃) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကာ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် ယမန်နေ့မှ စတင်ကာ ဇွန် (၂)ရက်အထိ သတ်မှတ်၍ ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ကျောင်းလာအပ်ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း ထောက်ပံ့ပေးအပ်နေကြောင်းလည်း သိရပါတယ်။ # Crd