ဂျပန်နိုင်ငံထုတ် Aircon ပါသည့် Diesel Electric Multiple Units(DEMU)တွဲဆိုင်းဖြင့် ပဲခူး-ရန်ကုန် -ပဲခူး ရထားခရီးစဥ်အား အောက်တိုဘာ ၂ ရက်မှစတင်၍ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
DMUS တွဲဆိုင်း၏ အမှတ်(၁၆)အစုန်ရထားသည် ပဲခူးဘူတာမှ နံနက် ၆ နာရီတွင်စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ နံနက် ၇ နာရီ ၄၀ မိနစ်၌ ဆိုက်ရောက်မည်ဖြစ်ကာ အမှတ်(၁၅)အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင်စတင်ထွက်ခွာ၍ ပဲခူးဘူတာသို့ ည ၆ နာရီ ၂၅ မိနစ်၌ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂျပန်နိုင်ငံထုတ် DEMU တွဲဆိုင်းတွင် Aircon ပါဝင်မည်ဖြစ်ပြီး လက်မှတ်ခအနေဖြင့် တစ်ဦးလျင် ၂၅၀၀ ကျပ်ကျသင့်မည်ဖြစ်ကာ လမ်းခရီးတစ်လျှောက်ရှိ ဘူတာ(၁၂)ခု၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။